ကမ္ဘာဦးကျမ်း 17:21
သို့သော်လည်း ၊ နောင် နှစ် ၊ ချိန်းချက် သောအချိန်တွင်၊ စာရာ သည် သင် အား ဘွား လတံ့သော သားဣဇာက် ၌ ၊ ငါ ၏ပဋိညာဉ် ကို ငါတည် စေမည်ဟု မိန့် တော်မူပြီးလျှင်၊
မြန်မာကျမ်းစာ
In The King James Version
In Context
22မိန့် မြွက်တော်မူသံငြိမ်း ၍ ဘုရား သခင်သည် အာဗြံဟံ မှ တက် ကြွတော်မူ၏။
Cross References
Genesis 18:10ထိုသူတို့တွင် တပါးကလည်း၊ ဘွားချိန်စေ့သောအခါ၊ ငါသည် သင့် ဆီသို့ ဆက်ဆက်ပြန်လာ ဦးမည်။ ထိုအခါ သင် ၏မယား စာရာ သည် သား ကို ရလိမ့်မည်ဟု ပြောဆို၏။ ထိုသို့ဆိုသောသူ ၏နောက် ၌ တံခါးဝ အနား မှာ၊ စာရာရှိသောကြောင့်ထိုစကားကိုကြား၏။
Genesis 21:2စာရာ သည် ပဋိသန္ဓေစွဲ ယူ၍ ၊ ဘုရားသခင် အမိန့် တော်နှင့် ချိန်းချက် သောအချိန်၌ ၊ အာဗြဟံ အသက်ကြီး သောအခါ၊ သူ့ အားသား ကို ဘွား လေ၏။
Genesis 26:2ထာဝရဘုရား သည်လည်း သူ့ အား ထင်ရှား ၍ ၊ သင်သည် အဲဂုတ္တု ပြည်သို့ မ သွား နှင့်၊ ငါပြော လတံ့သော ပြည် ၌ နေ လော့။
Genesis 48:15ယောသပ် ကို ကောင်းကြီး ပေးလျက် ၊ ငါ့ အဘ အာဗြဟံ နှင့် ဣဇာက် ကိုးကွယ်သော ဘုရားသခင် ၊ ငါ့ ကို တသက်လုံး ယနေ့ တိုင်အောင် ကျွေးမွေး တော်မူသောဘုရားသခင် တည်းဟူသော၊
Exodus 3:6ငါ သည်သင့် အဘ ၏ဘုရား ၊ အာဗြဟံ ၏ဘုရား ၊ ဣဇာက် ၏ဘုရား ၊ ယာကုပ် ၏ဘုရား ဖြစ်သည်ဟူ၍၎င်း မိန့် တော်မူ၏။ မောရှေ သည် ဘုရား သခင်ကို မ ကြည့် ဝံ့၊ မိမိ မျက်နှာ ကို ဖုံး လျက်နေ၏။
Luke 1:55အာဗြဟံ မှစသောသူ ၏အမျိုးအနွယ် အား သနား ခြင်းကျေးဇူးတော်ကို အစဉ်အမြဲ ပြုခြင်းငှာသတိ ထား၍မိမိ ကျွန် ဣသရေလ ကို မစ တော်မူပြီဟုဆို ၏။