ကမ္ဘာဦးကျမ်း 18:14
ထာဝရဘုရား မ တတ်နိုင်သောအမှု တစုံတခု ရှိသလော။ ချိန်းချက်သော ဘွားချိန် စေ့သောအခါ ၊ သင့် ဆီသို့ ငါပြန် လာ၍၊ စာရာ သည် သား ကို ရလိမ့်မည်ဟု ထာဝရဘုရား သည် အာဗြဟံ အား မိန့် တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
13သင်၏မယားစာရာ က၊ အကယ်၍ငါ သည် အို ပြီး မှ၊ သားကို ဘွား လိမ့်မည်လောဟုဆို လျက် ၊ အဘယ်ကြောင့် ရယ် သနည်း။
15စာရာ ကလည်း ကျွန်မမ ရယ် ပါဟု၊ ကြောက် ၍ ငြင်း လေ၏။ မဟုတ် ဘူး။ သင်ရယ် ပြီဟုမိန့် တော်မူ၏။
Cross References
Genesis 17:21သို့သော်လည်း ၊ နောင် နှစ် ၊ ချိန်းချက် သောအချိန်တွင်၊ စာရာ သည် သင် အား ဘွား လတံ့သော သားဣဇာက် ၌ ၊ ငါ ၏ပဋိညာဉ် ကို ငါတည် စေမည်ဟု မိန့် တော်မူပြီးလျှင်၊
Genesis 21:2စာရာ သည် ပဋိသန္ဓေစွဲ ယူ၍ ၊ ဘုရားသခင် အမိန့် တော်နှင့် ချိန်းချက် သောအချိန်၌ ၊ အာဗြဟံ အသက်ကြီး သောအခါ၊ သူ့ အားသား ကို ဘွား လေ၏။
Deuteronomy 7:21သူ တို့ကြောင့် ထိတ်လန့် ခြင်း မ ရှိရ။ အကြောင်း မူကား၊ တန်ခိုးကြီး ၍ ကြောက်မက် ဘွယ်သောသင် ၏ ဘုရား သခင်ထာဝရဘုရား သည် သင် တို့တွင် ရှိတော်မူ ၏။
Judges 13:3ထာဝရဘုရား ၏ကောင်းကင်တမန် သည် ထိုမိန်းမ အား ကိုယ်ထင်ရှား ၍ ၊ သင်သည် မြုံ သောကြောင့် သား မ ဘွားသော်လည်း ၊ ယခု ပဋိသန္ဓေ ယူ၍ သား ယောက်ျားကို ဘွားမြင် လိမ့်မည်။
2 Kings 4:16ဧလိရှဲကလည်း၊ သင် သည် နောင် နှစ်အချိန် အရွယ် စေ့သောအခါ သား ကို ဘက်ယမ်း ရလိမ့်မည်ဟု ဆို လျှင်၊ မိန်းမက အိုအရှင်၊ ဘုရား” သခင်၏လူ ၊ ကိုယ်တော် ကျွန် မကို မုသာ မ သုံးပါနှင့်ဟု ပြန်ပြော ၏
Job 36:5ဘုရား သခင်သည် တန်ခိုး ကြီးတော်မူ၏။ သို့သော်လည်း မထီမဲ့မြင် ပြုတော်မ မူတတ်။ အစွမ်း သတ္တိ၊ ဉာဏ် သတ္တိနှင့်ပြည့်စုံတော်မူ၏။