ကမ္ဘာဦးကျမ်း 21:7
စာရာ သည် သား ကို နို့တိုက် လိမ့်မည်ဟု အာဗြဟံ အား အဘယ်သူ ပြော နှင့်ရသနည်း။ သူ သည် အသက် ကြီးသောအခါ၊ ငါသည် သား ကို ဘွား ပြီးဟူ၍ ၎င်း ဆို လေ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
8ထိုသူငယ် ဣဇာတ် သည် ကြီးပွား ၍ နို့ နှင့် ကွာလေ၏။ နို့ ကွာသောနေ့ ၌ အာဗြံဟံ သည် ပွဲ ကြီး လုပ် လေ၏။
Cross References
Genesis 18:11ထိုအခါ အာဗြဟံ နှင့် စာရာ သည် အသက် အရွယ် ကြီးရင့်လှပြီ။ စာရာ သည် မိန်းမ တို့၌ ဥတုရောက် မြဲ ရှိသည့်အတိုင်း မ ရောက်ပြီ။
Deuteronomy 4:32ဘုရားသခင် သည် မြေကြီး ပေါ် မှာ လူ ကို ဖန်ဆင်း တော်မူသော နေ့ မှစ၍ ၊ သင် တို့မ ဖြစ် မှီ လွန်လေ ပြီးသော ကာလ ပတ်လုံး၊ မိုဃ်း ကောင်းကင်တဘက် မှ တဘက် တိုင်အောင် မေးမြန်းကြလော့။ ဤ မျှလောက်ကြီး သောအမှု ဖြစ် ဘူးသလော။ ဤကဲ့သို့ သော အမှု၏ သိတင်းကို ကြား ဘူးသလော။
1 Kings 11:20တာပနက် ၏ ညီမ သည်သား ဂေနုဗက် ကို ဘွားမြင် ၍ ၊ တာပနက် သည်နန်း တော်၌ နို့ခွါသဖြင့် ၊ ဂေနုဗတ် သည် နန်း တော်၌ ဖာရော ဘုရင်၏ သား များနှင့်အတူ နေ ၏။
Psalms 86:10ကိုယ်တော် သည် ကြီးမြတ် ၍ အံ့ဩ ဘွယ်တို့ကို ပြု တော်မူ၏။ ကိုယ်တော် တပါး တည်းသာလျှင် ဘုရား သခင် ဖြစ်တော်မူ၏။
Isaiah 66:8ထို သို့သော အမှုကို အဘယ်သူ သည် ကြား ဘူး သနည်း။ ထိုသို့သော အမှုတို့ကို အဘယ် သူသည် မြင် ဘူး သနည်း။ တိုင်း နိုင်ငံကို တ နေ့ ခြင်းတွင် ဘွား တတ်သလော။ ပြည်သူ ပြည်သားအပေါင်းတို့ကို တပြိုင်နက် ဘွား တတ်သလော။ ဇိအုန် သတို့သမီးသည် သားဘွား ခြင်းဝေဒနာ ကို ခံ အ ံ့ဆဲဆဲ တွင်၊ သား များကို ဘွားမြင် ပါ သည် တကား။
2 Thessalonians 1:10ယုံကြည် သော သူ အပေါင်း တို့အားဖြင့် အံ့ဩ ချီးမွမ်းခြင်းကို၎င်း ၊ ခံအံ့သောငှာကြွလာ တော်မူသောနေ့ရက် ၌ ၊ ထိုသူ တို့သည် သခင် ဘုရား၏ မျက်နှာ တော်နှင့် ၎င်း၊ တန်ခိုး ရှိသော ဘုန်း တော်နှင့်၎င်းကွာ၍ ထာဝရ ပျက်စီး ခြင်းတည်းဟူသောအပြစ် ဒဏ်ကို ခံရ ကြလတံ့၊