The Bible Software
ကမ္ဘာဦးကျမ်း · မြန်မာကျမ်းစာ

ကမ္ဘာဦးကျမ်း 21

1ထာဝရဘုရား သည်၊ အမိန့်တော်ရှိသည်အတိုင်း ၊ စာရာ ကို အကြည့် အရှုကြွတော်မူ၍ ၊ ဂတိတော် ရှိသည်နှင့် လျော်စွာ သူ ၌ ပြု တော်မူသဖြင့်၊

2စာရာ သည် ပဋိသန္ဓေစွဲ ယူ၍ ၊ ဘုရားသခင် အမိန့် တော်နှင့် ချိန်းချက် သောအချိန်၌ ၊ အာဗြဟံ အသက်ကြီး သောအခါ၊ သူ့ အားသား ကို ဘွား လေ၏။

3အာဗြဟံ သည်လည်း ၊ မိမိ ရ သောသားတည်းဟူသော၊ စာရာ ဘွား သောသား ကို ဣဇာက် အမည် ဖြင့် မှည့် လေ၏။

4ဘုရားသခင် မှာ ထားတော်မူသည်အတိုင်း ၊ အာဗြဟံ သည်ရှစ် ရက် မြောက်သောနေ့၌ ၊ သား ဣဇာက် ကို အရေဖျား လှီးမင်္ဂလာပေးလေ၏။

5သား ဣဇာက် ကို မြင် ရသောအခါ အာဗြဟံ သည် အသက် တ ရာ ရှိသတည်း။

6စာရာ ကလည်း ၊ ငါ ရယ် ရသောအခွင့်ကို ဘုရားသခင် ပေး တော်မူပြီ။ ဤသိတင်းကို ကြား သောသူ အပေါင်း တို့သည်လည်း၊ ငါ နှင့်အတူ ရယ် ကြလိမ့်မည်ဟူ၍၎င်း၊

7စာရာ သည် သား ကို နို့တိုက် လိမ့်မည်ဟု အာဗြဟံ အား အဘယ်သူ ပြော နှင့်ရသနည်း။ သူ သည် အသက် ကြီးသောအခါ၊ ငါသည် သား ကို ဘွား ပြီးဟူ၍ ၎င်း ဆို လေ၏။

8ထိုသူငယ် ဣဇာတ် သည် ကြီးပွား ၍ နို့ နှင့် ကွာလေ၏။ နို့ ကွာသောနေ့ ၌ အာဗြံဟံ သည် ပွဲ ကြီး လုပ် လေ၏။

9အဲဂုတ္တ အမျိုးသားဟာဂရ တွင် အာဗြဟံ ရ သော သား သည် ဆဲရေး သည်ကို စာရာ သိ မြင်လျှင်၊

10ဤ ကျွန်မ ၏သား သည် အကျွန်ုပ် ၏သား ဣဇာက် နှင့်အတူ အမွေ မ ခံရဟု အာဗြံဟံ အား ဆို လေ၏။

11အာဗြဟံ လည်း ၊ မိမိ သား ဖြစ် သောကြောင့် ၊ ထိုအမှု အလွန် ခက် သည်ဟု ထင် လေ၏။

12သို့ရာတွင် ဘုရားသခင် က၊ ထိုသူငယ် နှင့် သင် ၏ ကျွန်မ ကြောင့် ၊ ဤအမှုခက် သည်ဟု မ ထင် နှင့်။ စာရာ ပြော လေရာရာ ၌ သူ ၏စကား ကို နားထောင် လော့။ အကြောင်းမူကား ၊ ဣဇာက် ၌ သာ သင် ၏ အမျိုး တည် လိမ့်မည်။

13ကျွန်မ ၏သား သည် သင် ၏အမျိုး ဖြစ်သောကြောင့် ၊ သူ့ ကိုလည်း လူမျိုး ဖြစ် စေမည်ဟု အာဗြံဟံ အား မိန့် တော်မူ၏။

14အာဗြဟံ သည် နံနက် စောစောထ ၍ ၊ မုန့် နှင့် ရေ ဘူး ကိုယူ သဖြင့် ၊ ဟာဂရ ပခုံး ၌ တင် ပြီးလျှင် ၊ သူငယ် ကို အပ် ၍ ကျွန်မ ကို လွှတ် လိုက်လေ၏။ သူသည်လည်း သွား ၍ ဗေရရှေဘ တော ၌ လှည့်လည် လျက် နေ၏။

15ဘူး ၌ ရေ ကုန် သောအခါ ၊ သူငယ် ကို ချုံဖုတ် အောက် ၌ ထား ၍၊

16ငါသည်သူငယ်သေ သည်ကို မ မြင် လိုဟုဆို လျက် ၊ ခပ်ဝေးဝေး လေး တ ပစ်ခန့် လောက် သွားပြီးလျှင်၊ သူ ငယ်ရှေ့ မှာ ထိုင် ၍ နေလေ၏။ ထို သို့ထိုင် ၍ နေစဉ် သူ သည်အသံ ကို လွှင့် ၍ ငိုကြွေး လေ၏။

17ဘုရားသခင် သည် လုလင် ၏အသံ ကို ကြား တော်မူ ၍ ဘုရားသခင် ၏၊ ကောင်းကင် တမန်က၊ ဟာဂရ ၊ သင် ၌ အဘယ် အမှုရှိသနည်း။ မ စိုးရိမ် နှင့်။ လုလင် နေ သောအရပ်ထဲက သူ ၏အသံ ကို ဘုရားသခင် ကြား တော်မူပြီ။

18ထ လော့။ လုလင် ကိုကြွ ၍ လက် နှင့်မ လော့။ ငါသည်သူ့ ကို လူမျိုး ကြီး ဖြစ် စေမည်ဟု ကောင်းကင် ထဲက ခေါ် ၍ ဟာဂရ အား မြွက်ဆို ၏။

19ထိုအခါ ဘုရားသခင် သည် ဟာဂရ ၏ မျက်စိ ကို ဖွင့် တော်မူသဖြင့် ၊ သူသည်ရေ တွင်း ကို မြင် လေသော် ၊ သွား ၍ ဘူး ကို ရေ ဖြည့်ပြီးလျှင် ၊ လုလင် အား ရေ ကို တိုက် လေ၏။

20ထိုလုလင် ဘက် ၌လည်း ၊ ဘုရားသခင် ရှိ တော်မူ ၏။ သူသည် ကြီးပွား ၍ တော ၌ နေ သဖြင့် ၊ လေး သမား ဖြစ် လေ၏။

21ပါရန် တော ၌ နေ သည်ဖြစ်၍ သူ့ အမိ သည် အဲဂုတ္တု ပြည် မှ မိန်းမ တယောက်ကိုခေါ်၍ သူ နှင့် စုံဘက် စေ၏။

22ထို ရောအခါ၊ အဘိမလက် မင်းနှင့် ဗိုလ်ချုပ် မင်းဖိကောလ တို့သည် အာဗြဟံ ကို ခေါ်၍၊ သင်သည် ပြု လေရာရာ ၌ သင့် ဘက် မှာ ဘုရားသခင် ရှိ တော်မူ၏။

23သို့ဖြစ်၍ သင်သည်ငါ့ ကို၎င်း၊ ငါ့ သား ကို၎င်း ၊ ငါ့ မြေး ကို၎င်း ၊ မ လှည့်စား၊ ငါသည် သင် ၌ ကျေးဇူးပြု သကဲ့သို့ ငါ ၌ ၎င်း ၊ သင်တည်း နေရာ ငါ့ပြည် ၌ ၎င်း၊ ကျေးဇူး ပြုမည်ဟု ဘုရားသခင် ကို တိုင်တည်၍ ငါ့ အား ကျိန် ဆိုပါလော့ဟုပြောဆို ၏။

24အာဗြဟံ ကလည်း ၊ ထိုအတိုင်းငါ ကျိန် ဆိုပါမည်ဟု ပြန်ပြော လေ၏။

25အဘိမလက် မင်း၏ ကျွန် တို့သည် အနိုင် အထက်လုယူသော ရေ တွင်း အကြောင်းကြောင့် ၊ အာဗြဟံ သည် လည်း အဘိမလက် မင်းကို အပြစ်တင် လေ၏။

26အဘိမလက် မင်းကလည်း ၊ ဤ အမှု ကို အဘယ်သူ ပြု သည်ကို ငါမ သိ။ သင် သည်ငါ့ ကို မ ပြော။ ငါ လည်း ယနေ့ တိုင်အောင် မ ကြား ရဟု ဆို ၏။

27အာဗြဟံ သည်လည်း သိုး ၊ နွား တို့ကို ယူ ပြီးလျှင် ၊ အဘိမလက် အား ပေး ၍ ထို နှစ် ပါးတို့သည် ပဋိညာဉ် ပြု ကြ ၏။

28အာဗြဟံ သည်လည်း သိုးသငယ် မ ခုနစ် ကောင် တို့ကို သိုး စုနှင့်ခွဲ ထားလေ၏။

29အဘိမလက် ကလည်း ၊ ခွဲ ထားသော ဤ သိုးသငယ် မခုနစ် ကောင်တို့သည်၊ အဘယ်သို့ နည်းဟုမေး သော်၊

30အာဗြဟံ က၊ ဤ ရေ တွင်းကို ငါတူး ပြီးဟု ဤသိုးသငယ် မခုနစ် ကောင်တို့သည် ငါ့ ဘက် ၌ သက်သေ ဖြစ် မည် အကြောင်း သူတို့ကို သင်သည်ငါ့ လက် မှ ခံ ယူရမည်ဟု ဆို လေ၏။

31သို့ဖြစ်၍ ထို အရပ်၌ ထို နှစ် ပါးတို့သည် ကျိန်ဆို သောကြောင့် ၊ ထို အရပ် ကို ဗေရရှေဘ ဟု တွင် ကြ၏။

32ထိုသို့ ဗေရရှေဘ အရပ်၌ ပဋိညာဉ် ပြု ကြ၏။ အဘိမလက် နှင့် ဗိုလ်ချုပ် မင်း ဖိကောလ တို့သည်ထ ၍ ဖိလိတ္တိ ပြည် သို့ ပြန် ကြ၏။

33အာဗြဟံ သည် ဗေရရှေဘ အရပ်၌ မန်ကျည်း ပင်ကိုစိုက် ၍ ၊ အစဉ် အမြဲတည်တော်မူသောဘုရား သခင်တည်းဟူသော၊ ထာဝရဘုရား ၏ နာမတော် ကို ပဌနာ ပြု လေ၏။

34ဖိလိတ္တ ပြည် မှာ ကာလ ရှည် ကြာစွာ တည်း နေ သတည်း။

← ကမ္ဘာဦးကျမ်း 20Read In The App, Free →ကမ္ဘာဦးကျမ်း 22 →

Study ကမ္ဘာဦးကျမ်း 21

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

1234567891011121314151617181920212223242526272829303132333435363738394041424344454647484950