ကမ္ဘာဦးကျမ်း 23:2
ခါနာန် ပြည်၊ ဟေဗြုန် မြို့တည်းဟူသော၊ ကိရယသာဘ မြို့၌ သေ လေ၏။ အာဗြဟံ သည်လည်း စာရာ ကြောင့် ညည်းတွားငိုကြွေး ခြင်းငှါ လာ ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
1စာရာ သည် အသက် တရာ နှစ် ဆယ်ခုနစ် နှစ် ရှိ ၏။ ထိုမျှလောက်အသက်ကြီးသော်၊
3အာဗြဟံ သည် မိမိမယားအသေ ကောင်ရှေ့ က ထ ၍ ၊ ဟေသ အမျိုးသား တို့အား၊
Cross References
Genesis 13:18တဖန် အာဗြံ သည် တဲ ကိုပြောင်း၍ ၊ ဟေဗြုန် မြို့၊ မံရေ သပိတ်တော သို့ ရောက် မှ နေရာ ကျ၍ ထာဝရဘုရား အဘို့ ယဇ် ပလ္လင်ကို တည် လေ၏။
Genesis 24:67ဣဇာက် သည် မိမိ အမိ စာရာ ၏ တဲ သို့ ရေဗက္က ကို ဆောင်ယူ ၍ စုံဘက် လေ၏။ ရေဗက္က ကိုချစ် နှစ်မြို့သဖြင့် ၊ အမိ သေသောအမှု၌ သက်သာ ခြင်းသို့ ရောက် လေ၏။
Genesis 50:1ထိုအခါ ယောသပ် သည် အဘ ၏မျက်နှာ ပေါ် မှာ ငုံ့ ၍ ၊ ငို လျက် နမ်း လျက်နေ၏။
Numbers 13:22တောင် မျက်နှာ၌ ရှောက်သွား ၍ အာနက အမျိုးသား အဟိမန် ၊ ရှေရှဲ ၊ တာလမဲ နေသောဟေဗြုန် မြို့သို့ ရောက် ကြ၏။ ဟေဗြုန် မြို့ကား၊ အဲဂုတ္တု ပြည်၌ ဇောန မြို့ မ တည်မှီ ခုနစ် နှစ် ကတည် သော မြို့ဖြစ်သတည်း။
Deuteronomy 34:8ဣသရေလ အမျိုးသား တို့သည် မောရှေ ကို အောက်မေ့၍၊ မောဘ လွင်ပြင် ၌ အရက် သုံး ဆယ်ပတ်လုံးငိုကြွေး မြည်တမ်း ခြင်းကို ပြု ကြ၏။
Joshua 14:14သို့ဖြစ်၍ ကေနက် အမျိုး ယေဖုန္နာ ၏သား ကာလက် သည်၊ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား နောက် တော်သို့ လုံးလုံး လိုက်သောကြောင့် ၊ ဟေဗြုန် ပြည်သည် ယနေ့ တိုင်အောင် ကာလက်၏အမွေ မြေဖြစ် သတည်း။