The Bible Software
ကမ္ဘာဦးကျမ်း · မြန်မာကျမ်းစာ

ကမ္ဘာဦးကျမ်း 23

1စာရာ သည် အသက် တရာ နှစ် ဆယ်ခုနစ် နှစ် ရှိ ၏။ ထိုမျှလောက်အသက်ကြီးသော်၊

2ခါနာန် ပြည်၊ ဟေဗြုန် မြို့တည်းဟူသော၊ ကိရယသာဘ မြို့၌ သေ လေ၏။ အာဗြဟံ သည်လည်း စာရာ ကြောင့် ညည်းတွားငိုကြွေး ခြင်းငှါ လာ ၏။

3အာဗြဟံ သည် မိမိမယားအသေ ကောင်ရှေ့ က ထ ၍ ၊ ဟေသ အမျိုးသား တို့အား၊

4ငါ သည် သင် တို့ထံမှာဧည့်သည် အာဂန္တုဖြစ်ပါ ၏။ ငါ၏မယားအသေ ကောင်ကို မျက်ကွယ် မြှုပ်မည် အကြောင်း ၊ သင် တို့တွင် သင်္ချိုင်း ကို ငါ့ အား အခွင့် ပေး ပါ လော့ဟု ဆို၏။

5ဟေသ အမျိုးသား တို့က၊ အကျွန်ုပ် တို့သခင် ၊ နားထောင် ပါ။

6ကိုယ်တော်သည်၊ အကျွန်ုပ်တို့တွင်၊ ဘုရား သခင်နှင့်ဆိုင်သောမင်း ဖြစ်ပါ၏။ အကျွန်ုပ် တို့၏သင်္ချိုင်း များ တွင် ရွေး ၍ ၊ ကိုယ်တော် ၏မယား အသေ ကောင်ကို သင်္ဂြိုဟ် ပါလော့။ ကိုယ်တော် ၏မယားအသေ ကောင်ကို မ သင်္ဂြိုဟ် စေခြင်းငှါ၊ အကျွန်ုပ် တို့တွင် အဘယ်သူမျှမိမိ သင်္ချိုင်း ကို မပေးဘဲမနေပါဟု၊ အာဗြဟံ အား ပြန် ပြောကြ ၏။

7အာဗြဟံ သည် ထ ၍ ၊ ထိုပြည် သား တည်းဟူသောဟေသ အမျိုးသား များရှေ့ မှာ ဦးညွှတ် ချလျက်၊

8ငါသည် ငါ ၏မယားအသေ ကောင်ကို မျက်ကွယ် မြှုပ်စေခြင်းငှါ သင် တို့အလိုရှိ လျှင် ၊ ငါ့ စကားကို နားထောင် ကြပါလော့။

9သင်တို့တွင် ငါပိုင် ထိုက်သောသင်္ချိုင်း ရှိစေခြင်းငှါ၊ ဇောဟာ သား ဧဖရုန် သည်၊ မိမိ လယ်ပြင် အစွန်း ၌ ရှိသောမပ္ပေလ မြေတွင်း ကို၊ အဘိုး ထိုက် သမျှ ငွေနှင့်ငါ့ အား ရောင်း စေခြင်းငှါ၊ ငါ့ အတွက် သူ့ကို တောင်းပန်ကြပါလော့ ဟု နှုတ်ဆက်၍ ပြောဆို၏။

10ထိုအခါ ဧဖရုန် သည်၊ ဟေသ အမျိုးသား တို့တွင် ထိုင် လျက်ရှိ၏။ သို့ဖြစ်၍ မြို့ တံခါး သို့ ဝင် သောသူ အပေါင်း တည်းဟူသောဟေသ အမျိုးသား ပရိတ်သတ် ၌ ၊ ဟိတ္တိ အမျိုးသားဧဖရုန် က၊ ထိုသို့မဟုတ်ပါ။

11အကျွန်ုပ် သခင် ၊ အကျွန်ုပ် စကားကို နားထောင် ပါ။ ထိုလယ်ပြင် ကို၎င်း၊ ကိုယ်တော် အား အကျွန်ုပ်ပေး ပါ၏။ အကျွန်ုပ် အမျိုးသား များ ရှေ့ ၌၊ ကိုယ်တော် အား အကျွန်ုပ်ပေး ပါ၏။ ကိုယ်တော် ၏ မယားအသေ ကောင်ကို သင်္ဂြိုဟ် ပါဟု၊ အာဗြဟံ အား ပြန်ပြော လေ၏။

12အာဗြဟံ သည်လည်း ၊ ထိုပြည် သား များ ရှေ့မှာ ဦးညွှတ် ချလျက်၊ အကယ်၍ငါ့စကားကို နားထောင်ပါ။

13ထိုလယ်ပြင် အဘိုး ငွေကို ငါပေး မည်။ ငွေကိုယူ ပါ၊ သို့ဖြစ်လျှင် ၊ ထို အရပ်၌ ငါ ၏မယားအသေ ကောင်ကို ငါသင်္ဂြိုဟ် ပါမည်ဟု ပြည် သား ပရိသတ် တို့ရှေ့ မှာ၊ ဧဖရုန် အား ပြောဆို ၏။

14ဧဖရုန် ကလည်း ၊ အကျွန်ုပ် သခင် ၊ နားထောင် ပါ။

15ထိုမြေ သည် ငွေ လေး ပိဿာ အဘိုးထိုက်ပါ၏။ ကိုယ်တော် နှင့် အကျွန်ုပ် ၌ အဘယ် အတွက်ရှိသနည်း။ ကိုယ်တော် ၏မယား အသေ ကောင်ကို သင်္ဂြိုဟ် ပါလော့ဟု၊ အာဗြဟံ အား ပြန်ပြော ၏။

16အာဗြဟံ သည်လည်း ၊ ဧဖရုန် စကားကို နားထောင် သည်ဖြစ်၍ ၊ ကုန်သည် သုံးတတ်သော ငွေမျိုး၊ ဟေသ အမျိုးသား ပရိသတ် ရှေ့ ၊ ဧဖရုန် အဘိုး ပြတ် သည် အတိုင်း ၊ ငွေ လေး ပိဿာ ကို ချိန် ၍ ၊ သူ့အားပေးလေ၏။

17ထိုသို့ မံရေ မြို့ရှေ့ မှာ၊ မပ္ပေလ အရပ်၌ ရှိသောဧဖရုန် ၏လယ်ပြင် ကို၎င်း ၊ လယ်ပြင် ၌ ရှိသောမြေတွင်း နှင့် သစ်ပင် များ၊ ပတ်ဝန်းကျင် သစ်ပင်များကို၎င်း၊

18ဟေသ အမျိုးသား ပရိတ်သတ် ၌ ၊ မြို့ တံခါး သို့ ဝင် သောသူအပေါင်း တို့ရှေ့ မှာ၊ အာဗြဟံ ဥစ္စာ ဘို့ လုံခြုံစွာ အပ်ပေးလေ၏။

19ထိုနောက်မှ အာဗြဟံ သည်၊ မံရေ မြို့ရှေ့ မှာ၊ မပ္ပေလ လယ်ပြင် မြေတွင်း ၌ မယား စာရာ ကို သင်္ဂြိုဟ် ရလေ ၏။ ထိုအရပ် ကား၊ ခါနာန် ပြည် ဟေဗြုန် အရပ် ဖြစ် သတည်း။

20ထိုလယ်ပြင် နှင့် မြေတွင်း ကို၊ အာဗြဟံ ပိုင် ထိုက် သော သင်္ချိုင်း ဖြစ်စေခြင်းငှါ၊ ဟေသ အမျိုးသား တို့သည် လုံခြုံစွာ အပ်ပေးကြ၏။

← ကမ္ဘာဦးကျမ်း 22Read In The App, Free →ကမ္ဘာဦးကျမ်း 24 →

Study ကမ္ဘာဦးကျမ်း 23

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

1234567891011121314151617181920212223242526272829303132333435363738394041424344454647484950