ကမ္ဘာဦးကျမ်း 24:40
သခင်က၊ အကြင်ထာဝရဘုရား သခင်ရှေ့ တော် ၌ ငါသွား လာ၏၊ ထိုဘုရားသည် မိမိ ကောင်းကင်တမန် ကို သင် နှင့်အတူ စေလွှတ် ၍ ၊ သင် သွား သောအမှုကို ပြုစု တော်မူသဖြင့် ၊ ငါ့ အမျိုးသား ချင်း၊ ငါ့ အဘ ၏အိမ် ထဲက ငါ့ သား ဘို့ မယား ကိုယူ ရမည်။
မြန်မာကျမ်းစာ
In The King James Version
In Context
39အကျွန်ုပ် ကလည်း၊ မိန်းမ သည်မ လိုက် လိုလျှင် အဘယ်သို့ နည်းဟု သခင် ကို မေး လေသော်၊
Cross References
Genesis 5:24ဧနောက် သည် ဘုရား သခင်နှင့်အတူ သွား လာ၏။ နောက် တဖန် သူ သည်မ ရှိ အကြောင်းမူကား ၊ ဘုရား သခင် သိမ်းယူ တော်မူသောကြောင့် တည်း။
Genesis 17:1ထိုနောက် ၊ အာဗြံ သည် အသက် ကိုး ဆယ်ကိုး နှစ် ရှိ သောအခါ ၊ ထာဝရဘုရား သည် အာဗြံ အား ထင်ရှား တော်မူ၍ ၊ ငါ သည် အနန္တ တန်ခိုးရှင် ဘုရား သခင်ဖြစ်၏။ ငါ့ ရှေ့ မှာ သွား လာ၍ စုံလင် ခြင်းရှိ လော့။
Genesis 48:15ယောသပ် ကို ကောင်းကြီး ပေးလျက် ၊ ငါ့ အဘ အာဗြဟံ နှင့် ဣဇာက် ကိုးကွယ်သော ဘုရားသခင် ၊ ငါ့ ကို တသက်လုံး ယနေ့ တိုင်အောင် ကျွေးမွေး တော်မူသောဘုရားသခင် တည်းဟူသော၊
Exodus 33:2ကောင်းကင်တမန် ကိုလည်း သင် တို့ရှေ့ သို့ ငါစေလွှတ် ၍ ၊ သူသည်ခါနနိ လူ၊ အာမောရိ လူ၊ ဟိတ္တိ လူ၊ ဖေရဇိ လူ၊ ဟိဝိ လူ၊ ယေဗုသိ လူတို့ကို နှင်ထုတ်၍၊
1 Kings 3:6ရှောလမုန် ကလည်း ၊ ကိုယ်တော် ၏ ကျွန် အကျွန်ုပ် ၏အဘ ဒါဝိဒ် သည် ရှေ့ တော်၌ သဘော ဖြောင့် ၍ သမ္မာ တရား၊ ဖြောင့်မတ် ခြင်းတရားအတိုင်း ကျင့် သည်နှင့်အညီ၊ သူ၌များစွာ သော ကျေးဇူး ကို ပြု တော်မူပြီ။ ယနေ့ တွင်ရှိသည်အတိုင်း ၊ သူ ၏ရာဇ ပလ္လင်ပေါ် မှာ ထိုင် ရသောသား ကိုသူ့ အား ပေး သနားတော်မူသဖြင့် ၊ သူ့ အဘို့ ကျေးဇူး တရားကို စောင့်ရှောက် တော်မူပြီ။
2 Kings 20:3အကျွန်ုပ်တောင်းပန်ပါ၏ဟု အလွန် ငိုကြွေး လျက် ထာဝရဘုရား ကို ဆုတောင်း လေ၏