ကမ္ဘာဦးကျမ်း 27:29
သူ တပါးတို့သည် သင် ၌ကျွန် ခံ၍ ၊ အပြည်ပြည်တို့သည် သင့် ရှေ့ မှာ ဦးညွှတ် ကြရစေသတည်း။ သင်သည် သင် ၏ညီအစ်ကို တို့၌ အရှင် ဖြစ်၍ ၊ သင့် အမိ သား တို့သည် သင့် ရှေ့ မှာ ဦးညွှတ် ရကြစေသတည်း။ သင့် ကို ကျိန်ဆဲ သောသူအပေါင်းတို့သည် ကျိန်ဆဲ ခြင်းကိုခံရကြစေ သတည်း။ သင့် ကို ကောင်းကြီး ပေးသောသူအပေါင်းတို့ သည် ကောင်းကြီး ကိုခံရကြစေသတည်းဟု ကောင်းကြီးပေးလေ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Genesis 12:3သင့် ကို ကောင်းကြီး ပေးသောသူကို ငါကောင်းကြီး ပေးမည်။ သင့် ကို ကျိန်ဆဲ သောသူကို ငါကျိန်ဆဲ မည်။ သင် အားဖြင့် လည်း လူမျိုး အပေါင်း တို့သည် ကောင်းကြီး မင်္ဂလာကို ခံရကြလိမ့်မည်ဟု မိန့်တော်မူ၏။
Genesis 25:22ဝမ်းအတွင်း ၌ တည်သောသူငယ် တို့သည်၊ အချင်းချင်းတိုက်ခိုက် ကြ၏။ အမိကလည်း၊ ထိုသို့ ဖြစ်၍ငါ ၌အဘယ် အမှုရောက်ပါလိမ့်မည်နည်းဟု ဆို သဖြင့် ၊ ထာဝရဘုရား ကို မေးလျှောက် ခြင်းငှါ သွား လေ၏။
Genesis 25:33ယာကုပ် ကလည်း ၊ ယနေ့ပင် ငါ့ အား ကျိန်ဆို ခြင်းကို ပြုပါဟုဆိုသော် ၊ သူသည်ကျိန်ဆို သဖြင့် ၊ ယာကုပ် အား မိမိ သားဦး အရာကို ရောင်း လေ၏။
Genesis 27:40ထား ဖြင့် အသက် ကိုမွေးရလိမ့်မည်။ ညီ ၌ ကျွန် ခံရလိမ့်မည်။ နောက် တဖန် အစိုးရ သောအခါ ၊ သူ တင် သောထမ်းဘိုး ကို သင် ၏လည်ပင်း မှ ချိုး ပယ်လိမ့်မည်ဟု ပြန် ၍ဆိုလေ၏။
Genesis 49:8အိုယုဒ ၊ သင် သည်ညီအစ်ကို တို့ ချီးမွမ်း ရသောသူဖြစ် ၏။ သင် ၏လက် သည် သင် ၏ရန်သူ လည်ပင်း ပေါ် မှာ ရှိလိမ့်မည်။ အဘ ၏သား တို့သည် သင့် ရှေ့ မှာ ဦးညွှတ် ချကြလိမ့်မည်။
Numbers 23:8ဘုရားသခင် ကျိန်ဆဲ တော်မ မူသောသူကို အဘယ်သို့ ငါကျိန်ဆဲ နိုင်မည်နည်း။ ဘုရားသခင် သည် ပျက်စီး ခြင်းသို့ အပ်တော်မ မူသောသူကို အဘယ်သို့ ငါအပ် နိုင်မည်နည်း။