ကမ္ဘာဦးကျမ်း 27:28
ထိုကြောင့် ဘုရားသခင် ပင် မိုယ်းကောင်းကင် ၏နှင်း ကို ၎င်း ၊ မြေကြီး ၏ဆီဥ ကို ၎င်း ၊ များစွာ သော ဆန် စပါး၊ စပျစ်ရည် ကို၎င်း ၊ သင့် အား ပေး တော်မူစေသတည်း။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Genesis 27:39အဘ ဣဇာက် ကလည်း ၊ ကြည့်ရှု ပါ။ သင် ၏ နေရာ သည် မြေကြီး ၏ဆီဥ နှင့် ၎င်း ၊ အထက် မိုယ်း ကောင်းကင် ၏နှင်း နှင့် ၎င်း ပြည့်စုံ လိမ့်မည်။
Genesis 49:20အာရှာ ၌ဖြစ်သော အစာ သည် အရသာနှင့် ပြည့်စုံ ၍ ၊ မင်း ၏ ခဲဘွယ် စားဘွယ်တို့ကို ထုတ်ပေး လိမ့်မည်။
Numbers 18:12ဣသရေလအမျိုးသားရွေး၍ ထာဝရဘုရား အား ပူဇော် သမျှ အကောင်းဆုံး သောဆီ ၊ အကောင်းဆုံး သော စပျစ်ရည် ၊ အကောင်းဆုံးသော ဂျုံ စပါးကို သင် တို့အား ငါပေး ပြီ။
Deuteronomy 8:7အကြောင်း မူကား၊ သင် ၏ ဘုရား သခင်ထာဝရဘုရား သည် ကောင်း သောပြည် ၊ ချိုင့် ထဲ ၊ တောင် ထဲက ပေါက် သောမြစ် ၊ ချောင်း၊ စမ်းရေတွင်း၊ ရေကန်များနှင့် ပြည့်စုံသောပြည်၊
Deuteronomy 32:2ငါ့ ဒေသနာ သည် မိုဃ်း ရေကဲ့သို့ စက်စက် ကျ၍၊ ငါ့ စကား သည် နှင်း ကဲ့သို့ ဖြည်းညှင်း စွာ သက်ရောက်လိမ့်မည်။ နုသောပျိုးပင် ပေါ် မှာ ရွာသောမိုဃ်း ကဲ့သို့ ၎င်း၊ မြက်ပင် ပေါ် မှာ များပြားသော မိုဃ်း ရေကဲ့သို့ ၎င်း ဖြစ်လိမ့်မည်။
Deuteronomy 33:28ဣသရေလ အမျိုးသည် ဘေးလွတ် ၍ တမျိုး တည်းနေ ရလိမ့်မည်။ ယာကုပ် အနွယ် သည် စပါး ၊ စပျစ်ရည် နှင့် ပြည့်စုံသောပြည် ၌ နေရာကျ၍၊ မိုဃ်းနှင်းရည် လည်း စက်စက် ကျလိမ့်မည်။