ကမ္ဘာဦးကျမ်း 28:18
နံနက် စောစော ယာကုပ် သည်ထ၍ ၊ ခေါင်းအုံး သော ကျောက် ကို ယူ သဖြင့် ၊ မှတ် တိုင်ဖြစ် စေလျက် ထူ ထောင်ပြီးလျှင်၊ ကျောက် ထိပ် ဖျားအပေါ် ၌ ဆီ ကို လောင်း လေ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
19ထို အရပ် ကိုလည်း၊ ဗေသလ အမည် ဖြင့် မှည့် လေ၏။ ထိုမြို့ ၏ အမည် ဟောင်း ကား၊ ဥလံလုဇ ဟူ သတည်း။
Cross References
Genesis 22:3အာဗြဟံ သည် နံနက် စောစော ထ၍ ၊ မြည်း ကို ကုန်းနှီး တင်ပြီးလျှင် ၊ မိမိ သား ဣဇာက် နှင့် ငယ်သား နှစ် ယောက်ကိုခေါ် ၍ ယဇ် ရှို့စရာ ထင်း ကိုခွဲ ပြီးမှ ၊ ဘုရားသခင် မိန့် တော်မူသောအရပ် သို့ ထ သွားလေ၏။
Genesis 31:45ယာကုပ် သည်လည်း ကျောက် ကိုယူ ၍ ၊ မှတ်တိုင် ဘို့ စိုက် ထူပြီးလျှင်၊
Genesis 35:20ယာကုပ် လည်း သင်္ချိုင်း အပေါ် မှာ မှတ်တိုင် ကို စိုက် လေ၏။ ထို မှတ်တိုင် ကား၊ ယနေ့ တိုင်အောင် ရာခေလ ၏ သင်္ချိုင်း မှတ်တိုင်ဖြစ်သတည်း။
Numbers 7:1မောရှေ သည် တဲ တော်ကို ထူထောင် ၍၊ တဲတော် နှင့် တဲ တော်တန်ဆာ ရှိသမျှ တို့ကို၎င်း၊ ယဇ်ပလ္လင် နှင့် ယဇ်ပလ္လင် တန်ဆာ ရှိသမျှ တို့ကို၎င်း ဆီ လူး၍ ၊ သန့်ရှင်း စေခြင်း အမှုကို လက်စသတ် သောနေ့ ၌ ၊
1 Samuel 7:12ထိုအခါ ရှမွေလ သည် ကျောက် ကို ယူ ၍ မိဇပါ မြို့နှင့် ရှင် မြို့စပ်ကြား မှာ ထူထောင် သဖြင့် ၊ ထာဝရဘုရား သည် ငါ တို့ကို ယခု တိုင်အောင် မစ တော်မူပြီဟုဆို လျက် ၊ ထိုကျောက်ကို ဧဗနေဇာ အမည် ဖြင့် မှည့် လေ၏။
Psalms 119:60ပညတ် တော်တို့ကို စောင့် ခြင်းငှါ မ ဖင့် မနွှဲ အလျင် အမြန်ပြုပါ၏။