ကမ္ဘာဦးကျမ်း 28:19
ထို အရပ် ကိုလည်း၊ ဗေသလ အမည် ဖြင့် မှည့် လေ၏။ ထိုမြို့ ၏ အမည် ဟောင်း ကား၊ ဥလံလုဇ ဟူ သတည်း။
မြန်မာကျမ်းစာ
In The King James Version
And he called the name of that place Bethel: but the name of that city was called Luz at the first.
In Context
Cross References
Genesis 35:1ထိုနောက် ဘုရားသခင် က၊ သင်ထ ၍ ဗေသလ အရပ်သို့ သွားနေ လော့။ သင် သည် အစ်ကို ဧသော ထံ မှ ပြေး သောအခါ ၊ သင့် အား ထင်ရှား သော ဘုရား သခင်အဘို့ ၊ ထို အရပ်၌ ယဇ် ပလ္လင်ကို တည် လော့ဟု၊ ယာကုပ် အား မိန့် တော်မူ၏။
Genesis 48:3ထိုအခါ ယာကုပ် က၊ အနန္တ တန်ခိုးရှင်ဘုရား သခင် သည်၊ ခါနာန် ပြည် လုဇ မြို့၌ ငါ့ အား ထင်ရှား ၍ ကောင်းကြီး ပေးတော်မူလျက်၊
Joshua 18:13တဖန် တောင် မျက်နှာသို့ သွား ၍ ဗေသလ လုဇ မြို့နား ၌ ရှောက်သဖြင့်၊ အောက် ဗက်ဟောရုန် မြို့ တောင် ဘက်မှာ ရှိသော တောင် ခြေရင်း အတရုတ်အဒ္ဒါ မြို့သို့ ရောက် ပြီးလျှင်၊
Judges 20:26ထိုအခါ ဣသရေလ အမျိုးသားအပေါင်း တို့သည် ဘုရား သခင်အိမ်တော်သို့သွား ၍ ငိုကြွေး လျက် ၊ ထာဝရဘုရား ထံ တော်၌ ဝပ် လျက် ၊ တနေ့ လုံး ညဦး ယံတိုင်အောင် အစာ ကို ရှောင်၍ ထာဝရဘုရား အား မီးရှို့ ရာယဇ်၊ မိဿဟာယ ယဇ်တို့ကို ပူဇော် ကြ၏။
1 Kings 12:29ဗေသလ မြို့၌ တကောင် ၊ ဒန် မြို့၌ တကောင် ကို ထား သဖြင့်၊ ပြစ်မှား စရာအကြောင်းကို ပြု လေ၏။
2 Chronicles 13:19အဘိယ သည် ယေရောဗောင် ကို လိုက် ၍ ၊ ဗေသလ မြို့ နှင့် ရွာ များ၊ ယေရှန မြို့နှင့် ရွာ များ၊ ဧဖရိမ် မြို့ နှင့် ရွာ များတို့ကို သူ့ လက်မှ နှုတ်ယူ လေ၏။