ကမ္ဘာဦးကျမ်း 3:14
ထာဝရ အရှင်ဘုရား သခင်သည် မြွေ ကိုခေါ် ၍ သင်သည် ဤ အမှုကို ပြု သောကြောင့် သားယဉ် သားရဲ အပေါင်း တို့ထက် ကျိန် ခြင်းကို ခံရ၏။ သင် သည် ဝမ်း ဖြင့် သွား ၍ မြေမှုန့် ကို တသက်လုံး စား ရမည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Genesis 3:1မြွေ သည် ထာဝရ အရှင်ဘုရား သခင် ဖန်ဆင်း တော်မူ သောမြေ တိရစ္ဆာန် တကာ တို့ထက် လိမ္မာ သည် ဖြစ် ၍ ၊ မိန်းမ အား သင်တို့သည် ဥယျာဉ် ၌ ရှိသမျှ သောအပင် တို့၏ အသီးကိုမ စား ရဟု ဧကန် စင်စစ် ဘုရား သခင် မိန့် တော်မူသလောဟု မေး ၏။
Exodus 21:28နွား သည် လူယောက်ျား မိန်းမ ကို ခွေ့ ၍ လူသေ လျှင် ၊ စင်စစ်ထိုနွား ကို ကျောက်ခဲနှင့် ပစ် ၍ သတ်ရမည်။ အသား ကိုလည်း မ စား ရ။ နွား ရှင် ကိုကား ၊ အပြစ်လွှတ် ရမည်။
Deuteronomy 28:15ယနေ့ ငါ ဆင့်ဆို သော သင် ၏ဘုရားသခင် ထာဝရဘုရား စီရင် ထုံးဖွဲ့တော်မူချက် အလုံးစုံ တို့ ကို ကျင့် စောင့် ခြင်းငှာ စကား တော်ကို နား မ ထောင်လျှင် ၊ သင့် အပေါ် မှာ သက်ရောက် လတံ့သော ကျိန်ခြင်းအမင်္ဂလာ များ ဟူမူကား၊
Isaiah 29:4သင်သည် နှိမ့်ချ ခြင်းကိုခံ ၍ မြေ ထဲ က ပြော ရ လိမ့်မည်။ မြေမှုန့် ထဲ က ငယ်သောအသံ နှင့် မြွက် ရ လိမ့်မည်။ သင် ပြောသောအသံ သည် နတ် ဝင်သူပြောသံကဲ့သို့ မြေ ထဲက ထွက် ၍ ၊ သင် သည် မြေ မှုန့်ထဲက အသံ သေးနှင့် တိုးတိုးမြွက် ဆိုရလိမ့်မည်။
Micah 7:17မြွေ ကဲ့သို့ မြေမှုန့် ကိုလျက် ၍၊ တီ ကဲ့သို့ တွင်း ထဲက တုန်လှုပ် လျက် ထွက်ကြလိမ့်မည်။ ငါ တို့ဘုရား သခင် ထာဝရ ဘုရား ကို ၎င်း ၊ သင့် ကို ၎င်း ကြောက်ရွံ့ ကြလိမ့်မည်။