The Bible Software
bible.software › ကမ္ဘာဦးကျမ်း › ကမ္ဘာဦးကျမ်း 3 › ကမ္ဘာဦးကျမ်း 3:15

ကမ္ဘာဦးကျမ်း 3:15

သင် နှင့် မိန်းမ ကို၎င်း ၊ သင် ၏အမျိုးအနွယ် နှင့် မိန်းမ ၏ အမျိုးအနွယ် ကို၎င်း ၊ ငါသည်ရန်ငြိုး ဖွဲ့ စေမည်။ သူသည် သင် ၏ခေါင်း ကို ကြိတ် လိမ့်မည်၊ သင်သည် သူ ၏ဖနောင့် ကို ကြိတ် လိမ့်မည်ဟု မိန့်တော်မူ၏။

မြန်မာကျမ်းစာ

In The King James Version

And I will put enmity between thee and the woman, and between thy seed and her seed; it shall bruise thy head, and thou shalt bruise his heel.

In Context

14ထာဝရ အရှင်ဘုရား သခင်သည် မြွေ ကိုခေါ် ၍ သင်သည် ဤ အမှုကို ပြု သောကြောင့် သားယဉ် သားရဲ အပေါင်း တို့ထက် ကျိန် ခြင်းကို ခံရ၏။ သင် သည် ဝမ်း ဖြင့် သွား ၍ မြေမှုန့် ကို တသက်လုံး စား ရမည်။

16မိန်းမ ကို လည်း၊ သင် ၌ ကိုယ်ဝန်ဆောင် ခြင်း ဝေဒနာ ကို ငါအလွန် များပြား စေရမည်။ ပင်ပန်းစွာ ဝေဒနာ ကို ခံ ၍ သား ဘွား ရမည်။ ကိုယ် ခင်ပွန်း ၏ အလို သို့ လိုက်၍ သူ ၏အုပ်စိုး ခြင်းကိုလည်း ခံရမည်ဟု မိန့် တော်မူ၏။

Read all of ကမ္ဘာဦးကျမ်း 3

Cross References

Numbers 21:6ထိုအခါ ထာဝရဘုရား သည်၊ ဣသရေလအမျိုးသား တို့တွင် မီး မြွေ များကို စေလွှတ် တော်မူ၍ ၊ လူ အများ တို့သည် အကိုက် ခံရသဖြင့် သေ ကြ၏။

Isaiah 7:14ထိုကြောင့်၊ ထာဝရ ဘုရားသည် ကိုယ်တော် တိုင် နိမိတ် လက္ခဏာကို သင် တို့အား ပေး တော်မူမည်။ ကြည့်ရှု လော့။ သတို့သမီးကညာ သည် ပဋိသန္ဓေ စွဲယူ၍ ၊ သား ယောက်ျားကို ဘွားမြင် လတံ့။ ထိုသား ကို ဧမာနွေလ အမည် ဖြင့် မှည့် ရလတံ့။

Isaiah 53:12ထိုသို့ မိမိ အသက် ကို သေ ခြင်း၌ သွန်း ၍၊ မတရား သောသူတို့ နှင့် ရေတွက်ဝင်ခြင်းသို့ ရောက်သဖြင့် ၊ လူများ တို့၏အပြစ် ကို ဆောင်ရွက် ၍ ၊ မတရား သောသူတို့ အဘို့ တောင်းပန် သောကြောင့် ၊ လူကြီး တို့ကို သူ ၏ အဘို့ဖြစ်စေခြင်းငှါ ငါခွဲ မည်။ အစွမ်းသတ္တိရှိသောသူတို့ ကို သူ၏လက်ရဥစ္စာကဲ့သို့၊ ကိုယ်တိုင်ဝေဖန်ရသောအခွင့် ရှိလိမ့်မည်။

Daniel 9:26ထိုသိတင်းခြောက် ဆယ်နှစ် သိတင်း လွန် ပြီးမှ၊ ခရစ်တော်သည် အခွင့်မ ရဘဲအသေ သတ်ခြင်းကိုခံရလိမ့်မည်။ ထိုနောက်မှလာသော သခင် ၏ လူ တို့သည် မြို့ တော်ကို၎င်း ၊ သန့်ရှင်း ရာဌာနကို၎င်း ဖြိုဖျက် ကြ လိမ့်မည်။ ရေ လွှမ်းမိုးသော အားဖြင့် ဆုံးရှုံးခြင်းဖြစ်လိမ့်မည်။ အဆုံး တိုင်အောင် စစ်တိုက် ခြင်း၊ ပျက်စီး ရာနှင့်ဆိုင်သော စီရင် ဆုံးဖြတ်ခြင်းရှိလိမ့်မည်။

Micah 5:3သို့ဖြစ်၍ ၊ သားဘွား ခြင်းဝေဒနာကို ခံရသောမိန်းမသည် မ ဘွား မှီတိုင်အောင်၎င်း ၊ ဣသရေလ အမျိုးသား တို့ နှင့်တကွ ကျန် ကြွင်းသော ညီအစ်ကို တို့သည် မပြောင်းလဲ မှီ တိုင်အောင်၎င်း ၊ သူ တို့ကို စွန့်ပစ် တော်မူလိမ့်မည်။

Matthew 1:25သို့သော်လည်း ၊ သား ဦးကို မ ဘွား မှီတိုင်အောင် သံဝါသ မ ပြုဘဲနေ၏။ ထိုသား ကိုလည်း ယေရှု ဟူသောအမည် ဖြင့် မှည့် လေ၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ကမ္ဘာဦးကျမ်း 3:15

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ကမ္ဘာဦးကျမ်း 3:14ကမ္ဘာဦးကျမ်း 3ကမ္ဘာဦးကျမ်း 3:16 →