ကမ္ဘာဦးကျမ်း 3:16
မိန်းမ ကို လည်း၊ သင် ၌ ကိုယ်ဝန်ဆောင် ခြင်း ဝေဒနာ ကို ငါအလွန် များပြား စေရမည်။ ပင်ပန်းစွာ ဝေဒနာ ကို ခံ ၍ သား ဘွား ရမည်။ ကိုယ် ခင်ပွန်း ၏ အလို သို့ လိုက်၍ သူ ၏အုပ်စိုး ခြင်းကိုလည်း ခံရမည်ဟု မိန့် တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Genesis 4:7သင်သည် ကောင်းမွန် စွာ ပြုလုပ်အခွင့် မ ရလော။ ကောင်းမွန် စွာ မ ပြုလျှင် ၊ အပြစ် ဖြေသော ယဇ်ကောင် သည်တံခါး နား မှာ ဝပ် လျက်ရှိ၏။ သူ သည် သင် ၏ အလို သို့လိုက်၍၊ သင် သည် သူ့ ကို အုပ်စိုး ရ၏ဟု ကာဣန ကို မိန့် တော်မူ၏။
Numbers 30:7လင် သည် ကြား လျှင် ၎င်း၊ ကြား သောနေ့ ၌ တိတ်ဆိတ် စွာနေလျှင်၎င်း၊ ထိုသစ္စာ စကား၊ ကိုယ်စိတ် ဝိညာဉ်၌ ချည်နှောင် သော စကား တည် ရမည်။
1 Samuel 4:19သူ ၏ ချွေးမ ဖိနဟတ် ၏ မယား သည် ပဋိသန္ဓေ အရင့်အမာရှိ၍ အချိန်နီးလျက်၊ ဘုရား သခင်၏ သေတ္တာ တော်သည် ရန်သူလက် သို့ ရောက်ကြောင်း၊ ယောက္ခမ နှင့် လင် သေ ကြောင်းကို ကြား သောအခါ ၊ ကျောကုန်း ၍ သား ဘွားခြင်း ဝေဒနာကို ချက်ခြင်းခံရ၏။
Esther 1:20သို့ပြုလျှင်ရှင်ဘုရင်ပေးတော်မူသောအမိန့် တော်ကို ကျယ်ဝန်းသော နိုင်ငံ တော်တရှောက်လုံး ကြော်ငြာ သောအခါ ၊ မိန်းမ အပေါင်း တို့သည် ကိုယ်ခင်ပွန်း အယုတ်အမြတ်တို့ကို ရိုသေ ကြပါလိမ့်မည်ဟု ရှင်ဘုရင်နှင့် မှူးမတ်တို့ရှေ့မှာ လျှောက်ထား၏။
Isaiah 13:8နာ ခြင်းဝေဒနာ အမျိုးမျိုးကိုခံရ ကြလိမ့်မည်။ သားဘွား သော မိန်းမကဲ့သို့ ဝေဒနာ ကို ခံရလျက်၊ တယောက် ကိုတယောက်ကြည့်ရှု ၍မှိုင်တွေသဖြင့်၊ သူ တို့ မျက်နှာ သည် မီးလျှံ အဆင်း ရှိလိမ့်မည်။
Isaiah 26:17ကိုယ်ဝန် ဆောင်သောမိန်းမသည် သားဘွား ချိန် နီး သောအခါ နာကျင် ၍၊ နာကျင်ခြင်းဝေဒနာ ကြောင့် အော်ဟစ် သကဲ့သို့၊ ထိုအတူ ၊ အိုထာဝရဘုရား ၊ အကျွန်ုပ် တို့သည် ရှေ့ တော်၌ ဖြစ် ကြပါပြီ။