ကမ္ဘာဦးကျမ်း 31:12
သူ ကလည်း မြော် ၍ကြည့် လော့။ တိရစ္ဆာန် မနှင့် ပေါင်းဘော် သော တိရစ္ဆာန်အထီး ရှိသမျှ တို့သည်၊ အပြောက် အကျားမှစ၍ ၊ အထွေထွေသော အဆင်းရှိကြ ၏။ အကြောင်း မူကား၊ သင် ၌ လာဗန် ပြု သမျှ တို့ကို ငါမြင် ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Genesis 30:42အားနည်း သောအကောင် တို့ရှေ့ မှာ တံဖျာ တို့ကို မ ပြ မထား။ ထိုကြောင့် အားနည်း သောအကောင်တို့သည် လာဗန် ၏ ဥစ္စာဖြစ်လေ၏။ အားကြီး သော အကောင်တို့မူကား၊ ယာကုပ် ၏ ဥစ္စာဖြစ်လေ၏။
Exodus 3:7ထာဝရဘုရား ကလည်း၊ အဲဂုတ္တု ပြည်၌ ရှိသောငါ ၏လူ တို့ခံရသောညှဉ်းဆဲ ခြင်းကို ငါစေ့စေ့မြင် ခဲ့ပြီ။ သူ တို့ကို စေခိုင်း သော သခင်တို့ကြောင့် သူ တို့မြည်တမ်း သောအသံကိုလည်း ငါကြား ခဲ့ပြီ။ သူ တို့နာကြည်း ခြင်း ဝေဒနာကို ငါသိ ၏။
Leviticus 19:13ကိုယ် နှင့်စပ်ဆိုင်သောသူ ၏ဥစ္စာကို မ တရားသဖြင့် မ သိမ်းရ။ အနိုင် အထက်ပြု၍ မ ယူရ။ သူငှါး ခံ ထိုက်သော အခ ကို တညဉ့်လုံးနံနက် တိုင်အောင် မ ထား ရ။
Psalms 10:14သို့သော်လည်း ကိုယ်တော် သည် မြင် တော်မူပြီ။ အကြောင်းမူကား၊ ပင်ပန်း စေခြင်းနှင့် နှောင့်ရှက် စေခြင်း ကို လက်ဝါး တော်၌ မှတ်သား မည်ဟု ကြည့်ရှု တော်မူတတ်ပါ၏။ ဆင်းရဲ သောသူသည် ကိုယ်တော် ၌ ကိုယ်ကို အပ် တတ်ပါ၏။ ကိုယ်တော် သည် မိဘ မရှိသောသူ ၏ ခိုလှုံ ရာဖြစ် တော်မူ၏။
Psalms 139:3အကျွန်ုပ် သွားသောလမ်း ကို၎င်း ၊ အိပ်ရာကို၎င်း စစ်ဆေး၍၊ အကျွန်ုပ် ကျင့် သောအကျင့် အလုံးစုံ တို့ကို ကျွမ်း တော်မူ၏။
Acts 7:34အဲဂုတ္တု ပြည်၌ ရှိသော ငါ ၏လူ တို့သည် ခံရသော ညှဉ်းဆဲ ခြင်းကို ငါစေ့စေ့မြင် ခဲ့ပြီ။ သူ တို့ညည်းတွား မြည်တမ်းသောအသံကိုလည်း ငါကြား ခဲ့ပြီ။ သူ တို့ကို ကယ်နှုတ် ခြင်းငှာငါဆင်းလာ ပြီ။ ယခု သွား လော့။ သင့် ကို အဲဂုတ္တု ပြည်သို့ ငါစေလွှတ် မည်ဟု ဗျာဒိတ် တော်ရှိ၏။