တမန်တော်ဝတ္ထု 7:34
အဲဂုတ္တု ပြည်၌ ရှိသော ငါ ၏လူ တို့သည် ခံရသော ညှဉ်းဆဲ ခြင်းကို ငါစေ့စေ့မြင် ခဲ့ပြီ။ သူ တို့ညည်းတွား မြည်တမ်းသောအသံကိုလည်း ငါကြား ခဲ့ပြီ။ သူ တို့ကို ကယ်နှုတ် ခြင်းငှာငါဆင်းလာ ပြီ။ ယခု သွား လော့။ သင့် ကို အဲဂုတ္တု ပြည်သို့ ငါစေလွှတ် မည်ဟု ဗျာဒိတ် တော်ရှိ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
33ထာဝရ ဘုရားကလည်း၊ သင် ၏ခြေနင်း ကို ချွတ် လော့။ သင်နင်း သောအရပ် ကား သန့်ရှင်း သောမြေ ဖြစ် ၏။
Cross References
Genesis 11:7လာ ကြ၊ ဆင်းသက် ကြကုန်အံ့။ သူတို့သည် အချင်းချင်း နား မ လည်စေခြင်းငှါ၊ သူ တို့စကား ကို ရှုပ်ထွေး ကြကုန်အံ့ဟု မိန့် တော်မူ၏။
Exodus 2:23ကာလ အင်တန်ကြာ ပြီးမှ၊ အဲဂုတ္တု ရှင်ဘုရင် အနိစ္စရောက် လေ၏။ ဣသရေလ အမျိုးသား တို့လည်း အစေ ကျွန်ခံရသောကြောင့်ညည်းတွား ငိုကြွေးကြ၏။ ထိုသို့ အစေ ကျွန်ခံ၍ငိုကြွေး သော အသံသည် ဘုရား သခင် ထံတော်သို့ တက် ရောက်လေ၏။
Exodus 3:14ဘုရား သခင်ကလည်း ၊ ငါဖြစ် သည်အတိုင်း ငါဖြစ် ၏ဟူ၍၎င်း ၊ ငါဖြစ် သည်ဟု အမည်ရှိသောသူသည်၊ ငါ့ ကိုသင် တို့ရှိရာသို့ စေလွှတ် တော်မူပြီဟု ဣသရေလ အမျိုးသား တို့အား ပြန်ပြော လော့ဟူ၍၎င်း၊ မောရှေ အား မိန့် တော်မူ၏။
Exodus 6:5အဲဂုတ္တု လူတို့သည် အစေ ကျွန်ခံစေသော ဣသရေလ အမျိုးသားတို့၏ ညဉ်းတွား မြည်တမ်းခြင်းအသံကို ငါ ကြား ရပြီ။ ငါ ပဋိညာဉ် ကိုလည်း ငါအောက်မေ့ ၏။
Judges 2:18ထာဝရဘုရား သည် တရားသူကြီး ကို ပေါ်ထွန်း စေသောအခါ သူ နှင့်အတူ ရှိ ၍ ၊ သူ့ လက်ထက် ပတ်လုံး ဣသရေလ လူတို့ကို ရန်သူ ၏လက် မှ ကယ်လွှတ် တော်မူ၏။ အကြောင်းမူကား ၊ သူတို့သည် နှောင့်ရှက် ညှဉ်းဆဲ ခြင်းကို ခံရ၍ မြည်တမ်း ကြသောအခါ ထာဝရဘုရား သည် နောင်တရ တော်မူ၏။
Nehemiah 9:9အဲဂုတ္တု ပြည်၌ အကျွန်ုပ် တို့၏ ဘိုးဘေး များ ခံရသောညှဉ်းဆဲ ခြင်းကိုမြင် ၍ ၊ ဧဒုံ ပင်လယ် နား မှာ သူ တို့ အော်ဟစ် သောအသံကို ကြား တော်မူ၏။