ကမ္ဘာဦးကျမ်း 31:26
လာဗန် ကလည်း ၊ သင်သည် အဘယ်သို့ ပြု သနည်း။ စစ်တိုက် ရာ၌ ဘမ်းမိ သောသူတို့ကို သိမ်းသွား သကဲ့သို့ ၊ ငါ့ ကိုလှည့်စား၍၊ ငါ့ သမီး တို့ကို သိမ်း သွား လေပြီတကား။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Genesis 2:24ထို အကြောင်းကြောင့် ယောက်ျား သည် ကိုယ် မိဘ ကို စွန့် ၍ ၊ ကိုယ့် ခင်ပွန်း ၌မှီဝဲ သဖြင့် ၊ ထိုသူတို့သည် တသား တကိုယ်တည်း ဖြစ် ရလိမ့်မည်။
Genesis 4:10ဘုရားသခင်ကလည်း၊ သင်သည် အဘယ်သို့ ပြု ပြီးသနည်း။ သင် ညီ အသွေး ၏အသံ သည် မြေ ထဲက ငါ့ ကို အော်ဟစ် လျက်ရှိသည်တကား။
Genesis 20:9အာဗြဟံ ကို လည်း အဘိမလက် ခေါ် ၍ ၊ သင် သည် ငါ တို့၌ အဘယ်သို့ ပြု သနည်း။ သင့် ကို ငါတို့သည် အဘယ်သို့ ပြစ်မှား သောကြောင့် ၊ သင်သည် ငါ ၌ ၎င်း ငါ့ နိုင်ငံ ၌ ၎င်း၊ ကြီးစွာ သော အပြစ် ကိုရောက် စေသနည်း။ သင်သည် မ ပြု အပ်သောအမှု ကို ငါ ၌ ပြု ပါသည်တကားဟု ဆို လေ၏။
Genesis 29:25နံနက် အချိန်ရောက် မှ ယာကုပ်သည် ကြည့်ရှုသောအခါ၊ လေအာ ဖြစ် ကြောင်းကို သိမြင် လျှင် ၊ လာဗန် ထံသို့ သွား၍ ကျွန်ုပ် ၌ ပြု သောအမှုကား၊ အဘယ်သို့ နည်း။ ကျွန်ုပ်သည် ရာခေလ ကိုရခြင်းငှါ အစေခံ ရပြီ မ ဟုတ်လော။ ကျွန်ုပ် ကို အဘယ်ကြောင့် လှည့်စား ရသနည်းဟု ဆို သော်၊
Genesis 31:36ထိုအခါ ယာကုပ် သည် စိတ်ဆိုး ၍ လာဗန် ကို ဆုံးမ သည်ကား၊ ကျွန်ုပ် သည် အဘယ်သို့ ပြစ်မှား ၍၊ အဘယ် အပြစ် ရှိသောကြောင့်၊ ကျွန်ုပ် ကို ဤမျှလောက်ပြင်းထန်စွာ လိုက် ရသနည်း။
Joshua 7:19ယောရှု ကလည်း၊ ငါ့ သား ၊ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား ကို ချီးမွမ်း ၍ ရှေ့တော်၌ ကိုယ်အပြစ်ကို ဘော်ပြတောင်းပန်ပါလော့။ သင်ပြု မိသောအမှု ကိုငါ့ အား ပြော ပါလော့။ ဝှက် ၍မ ထား ပါနှင့်ဟု အာခန် အား ဆို လျှင်၊