ကမ္ဘာဦးကျမ်း 31:29
ယခုသင့် ကို ငါ ညှဉ်းဆဲ နိုင်၏။ သို့သော်လည်း၊ မနေ့ ညမှာ သင် ၏အဘ ကိုးကွယ်သော ဘုရားသခင် သည် ကြွလာ၍၊ ယာကုပ် အား ကောင်း မကောင်း ကို မ ပြော နှင့်။ သတိပြု လော့ဟု ငါ့ အား မိန့် တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Genesis 24:50လာဗန် နှင့် ဗေသွေလ တို့ကလည်း ၊ ဤအမှုသည် ထာဝရဘုရား စီရင်တော်မူသောအမှုဖြစ်၏။ အကျွန်ုပ်တို့ သည်၊ သင့် အား ကောင်း မကောင်း ကို မ ပြော နိုင် ပါ။
Genesis 31:24ဘုရားသခင် သည် ရှုရိ လူလာဗန် ဆီသို့ ညဉ့် အချိန်တွင် အိပ်မက် ၌ ကြွ တော်မူ၍ ၊ သင်သည် ယာကုပ် အား ကောင်း မကောင်း ကို မ ပြော နှင့်၊ သတိ ပြုလော့ဟု မိန့် တော်မူ၏။
Genesis 31:53အာဗြဟံ ၏ ဘုရားသခင် ၊ နာခေါ် ၏ ဘုရားသခင် ၊ သင့်အဘ ၏ဘုရားသခင် သည် ငါ တို့စပ်ကြား ၌ စီရင် တော်မူစေသတည်းဟူ၍၎င်း၊ ယာကုပ် အား ဆို ၏။ ယာကုပ် သည်လည်း၊ မိမိ အဘ ကြောက်ရွံ့ ရာ ဘုရားကို တိုင်တည် ၍ ကျိန်ဆိုခြင်းကို ပြုလေ၏။
2 Samuel 13:22အဗရှလုံ သည် အစ်ကိုအာမနုန် အား ကောင်း သောစကား၊ မကောင်း သောစကားကိုမ ပြော။ သို့ရာတွင်နှမ တာမာ ကို ရှုတ်ချ သောကြောင့် အငြိုး ထား၏။
Psalms 52:1အားကြီး သော အချင်းလူ၊ သင်သည်သူ့အကျိုး ကို ဖျက်ခြင်းအမှု၌ အဘယ်ကြောင့် ဝါကြွား သနည်း။ ဘုရား သခင်၏ ကရုဏာ တော်သည် အစဉ် မပြတ်တည်၏။
Daniel 3:28နေဗုခဒ်နေဇာ မင်းကြီးကလည်း၊ ရှာဒရက် ၊ မေရှက် ၊ အဗေဒနေဂေါ တို့၏ ဘုရား သခင်သည် မင်္ဂလာ ရှိတော်မူစေသတည်း။ မိမိ တို့ဘုရား မှတပါး အခြား သော ဘုရား ကို ဝတ်ပြု ကိုးကွယ်ခြင်းနှင့် ကင်းလွတ် မည်အကြောင်း၊ ဘုရားသခင်ကို ယုံကြည် ကိုးစား၍ မင်းကြီး အမိန့် တော်ကို ဆန် လျက်၊ မိမိ တို့ကိုယ် ကိုပင် အပ်နှံ သော ကျွန် တော်ရင်း တို့ရှိရာသို့ ၊ ထိုဘုရားသခင်သည် ကောင်းကင် တမန်ကို စေလွှတ် ၍ ကယ်တင် တော်မူပြီ။