ကမ္ဘာဦးကျမ်း 31:30
ယခု မှာ၊ သင် သည် မိဘ အိမ် ကို အလွန် အောက်မေ့ သောကြောင့် ၊ သွား ရသည် ဟုတ်စေတော့။ ငါ ၏ ဘုရား တို့ကို အဘယ်ကြောင့် ခိုးယူ ခဲ့ရသနည်းဟု ယာကုပ် ကို ဆို၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Genesis 31:19လာဗန် သည် သိုးမွေး ကို ညှပ်ခြင်းငှါ ၊ အခြား တပါးသို့ သွား ခိုက် တွင်၊ ရာခေလ သည်၊ သူ ၏တေရပ် ရုပ်တု တို့ကို ခိုး ယူလေ၏။
Numbers 10:30ဟောဗပ်ကငါမ လိုက် မသွားပါ၊ ငါ့ နေရင်းပြည် ၊ ငါ့ အဆွေအမျိုး ရှိရာသို့ ပြန်သွား ပါမည်ဟု မောရှေ အား ဆို ၏။
Judges 6:31ယောရှ သည် တစ်ဘက်၌ နေ သောသူအပေါင်း တို့အား ၊ သင် တို့သည် ဗာလ ဘုရားဘက်၌ အမှု စောင့်မည်လော။ သူ့ ကို ကယ်တင် မည်လော။ သူ့ ဘက်၌ အမှု စောင့်သောသူ သည်၊ နံနက် မ လွန်မှီ အသေခံ ပါလေစေ။ ဗာလ သည် ဘုရား မှန်လျှင် ၊ သူ ၏ယဇ်ပလ္လင် ကို တစုံတယောက်ဖြိုဖျက် သောကြောင့် ၊ မိမိ အမှု ကို မိမိစောင့်ပါလေစေဟု ပြန်ပြော ၏။
1 Samuel 5:2ဘုရား သခင်၏ သေတ္တာ တော်ကို ဒါဂုန် ကျောင်း ထဲသို့ သွင်း ၍ ဒါဂုန် အနား မှာထား ကြ၏။
Isaiah 37:19သူ တို့၏ ဘုရား များကို မီး ထဲသို့ ချ ပစ်ကြပါပြီ။ ထိုဘုရားတို့သည် ဘုရား မဟုတ် ၊ လူ လက် ဖြင့်လုပ် သော သစ်သား နှင့် ကျောက် ဖြစ်သောကြောင့် ၊ ပျက်စီး ခြင်းသို့ ရောက်ကြပါပြီ။
Jeremiah 10:11သာသနာပ လူတို့အား ပြောရသော စကားဟူမူကား၊ ကောင်းကင် နှင့်မြေကြီး ကို မ ဖန်ဆင်း သော ဘုရား တို့သည် ဤ ကောင်းကင် အောက် ၊ ဤမြေကြီး ပြင်မှ ကွယ်ပျောက် ကြလိမ့်မည်။