ကမ္ဘာဦးကျမ်း 38:5
တဖန် ပဋိသန္ဓေယူပြန်၍ ဘွားမြင် သောသား ကို ရှေလ အမည် ဖြင့် မှည့် လေ၏။ ရှေလဘွားသောအခါ၊ အဘသည် ခေဇိပ် မြို့မှာ ရှိ သတည်း။
မြန်မာကျမ်းစာ
In The King James Version
In Context
4တဖန် ပဋိသန္ဓေ ယူပြန်၍ ဘွားမြင် သောသား ကို ဩနန် အမည် ဖြင့် မှည့် လေ၏။
6ထိုနောက်မှ ယုဒ သည် မိမိ သားဦး ဧရ ကို တာမာ အမည် ရှိသောသတို့သမီး နှင့် စုံဘက် စေ၏။
Cross References
Genesis 38:11သားငယ်ရှေလသည် အစ်ကို တို့သေသကဲ့သို့ သေ မည်ဟုယုဒ သည် စိုးရိမ် ၍ ၊ မိမိ ချွေးမ တာမာ ကို ခေါ်ပြီးလျင်၊ ငါ့ သား ရှေလ မ ကြီး မှီ သင်သည် သင့် အဘ အိမ် ၌ မုတ်ဆိုးမ ပြု၍ နေ ပါဟုဆိုသည်အတိုင်း၊ တာမာ သွား ၍ မိမိ အဘ ၏အိမ် ၌နေ လေ၏။
Genesis 46:12ယုဒ သား။ ဧရ ၊ ဩနန် ၊ ရှေလ ၊ ဖါရက် ၊ ဇာရ။ ထိုသူ တို့တွင် ဧရ နှင့် ဩနန် သည် ခါနာန် ပြည် ၌ သေ သတည်း။ ဖါရက် သား ၊ ဟေဇရုံ နှင့် ဟာမုလ။
Numbers 26:20ဘိုးဘအဆွေအမျိုး အလိုက် ၊ ရှေလ မှ ဆင်းသက်သော ရှေလနိ အဆွေအမျိုး ၊ ဖါရဇ် မှ ဆင်းသက်သော ဖါရဇိ အဆွေအမျိုး ၊ ဇေရ မှ ဆင်းသက်သော ဇေရဟိ အဆွေအမျိုး တည်း။
1 Chronicles 4:21ယုဒ သား ဖြစ်သော ရှေလ ၏သား ကား လေက အဘ ဧရ ၊ မရေရှ အဘ လာဒ အစရှိသော ပိတ်ချော ကို ရက်တတ်သော အာရှဗာ အဆွေအမျိုး၊