The Bible Software
ကမ္ဘာဦးကျမ်း · မြန်မာကျမ်းစာ

ကမ္ဘာဦးကျမ်း 38

1ထို ကာလအခါ ယုဒ သည် ညီအစ်ကို နေရာမှ သွား ၍ ၊ ဟိရ အမည် ရှိသော၊ အဒုလံ အမျိုးသား ထံ သို့ဝင် လေ၏။

2ထို အရပ်၌ ရှုအာ အမည် ရှိသော၊ ခါနာန် အမျိုးသား ၏သမီး ကို တွေ့ မြင်၍ ၊ အိမ်ထောင် ဘက် ပြုလျက်၊

3ထိုမိန်းမသည် ပဋိသန္ဓေ ယူ၍ သား ကို ဘွားမြင် ၏။ ထို သားကို ဧရ အမည် ဖြင့် မှည့် လေ၏။

4တဖန် ပဋိသန္ဓေ ယူပြန်၍ ဘွားမြင် သောသား ကို ဩနန် အမည် ဖြင့် မှည့် လေ၏။

5တဖန် ပဋိသန္ဓေယူပြန်၍ ဘွားမြင် သောသား ကို ရှေလ အမည် ဖြင့် မှည့် လေ၏။ ရှေလဘွားသောအခါ၊ အဘသည် ခေဇိပ် မြို့မှာ ရှိ သတည်း။

6ထိုနောက်မှ ယုဒ သည် မိမိ သားဦး ဧရ ကို တာမာ အမည် ရှိသောသတို့သမီး နှင့် စုံဘက် စေ၏။

7ယုဒ ၏သားဦး ဧရ သည် ထာဝရဘုရား ရှေ့ ၌ ဆိုး သောသူဖြစ် ၍ ၊ သူ့ ကိုထာဝရဘုရား ကွပ်မျက် တော်မူ ၏။

8ထိုအခါ ယုဒ သည် ဩနန် ကို ခေါ်ပြီးလျှင်၊ သင် ၏အစ်ကို မယား ထံသို့ ဝင် ၍ သူ နှင့် အိမ်ထောင် ဘက် ပြုသဖြင့်၊ အစ်ကို အမျိုး ကို ဆက်နွှယ် လော့ဟုဆို ၏။

9ဩနန် သည် သားကိုရလျှင်မူကား၊ မိမိ သား မမှတ်ရဟုသိ၍ အစ်ကိုအား သားကိုမ ပေး လိုဘဲ၊ အစ်ကို မယား ထံ သို့ဝင် သောအခါ ၊ သုတ်ရည်ကိုထုတ်၍ စွန့် လေ၏။

10ထိုအမှုကို ထာဝရဘုရား နှစ်သက်တော်မမူ သောကြောင့်၊ ဩနန် ကိုလည်း ကွပ်မျက် တော်မူ၏။

11သားငယ်ရှေလသည် အစ်ကို တို့သေသကဲ့သို့ သေ မည်ဟုယုဒ သည် စိုးရိမ် ၍ ၊ မိမိ ချွေးမ တာမာ ကို ခေါ်ပြီးလျင်၊ ငါ့ သား ရှေလ မ ကြီး မှီ သင်သည် သင့် အဘ အိမ် ၌ မုတ်ဆိုးမ ပြု၍ နေ ပါဟုဆိုသည်အတိုင်း၊ တာမာ သွား ၍ မိမိ အဘ ၏အိမ် ၌နေ လေ၏။

12ကာလ အတန်ကြာ သော် ၊ ရှုအာ သမီး ဖြစ်သော ယုဒ မယား လည်း သေ လေ၏။ ယုဒ သည်နှစ်သိမ့် ပြီးမှ ၊ မိမိ သိုးမွေး ညှပ်သောသူတို့ရှိ ရာ တိမနတ် မြို့သို့ မိမိ အဆွေ အဒုလံ အမျိုး ဟိရ နှင့်အတူ သွား လေ၏။

13မိမိ ယောက္ခမ သည် သိုးမွေး ကိုညှပ် ခြင်းငှါ ၊ တိမနတ် မြို့သို့ သွား ကြောင်းကို၊ တာမာ ကြား လျှင်၊

14မုတ်ဆိုးမ အဝတ် ကို ချွတ် ၍ မျက်နှာဖုံး နှင့် မျက်နှာ ကိုဖုံး လျက် ၊ ကိုယ်ကိုလည်းခြုံရုံလျက်၊ တိမနတ် မြို့ သို့ သွားသောလမ်း အနား ၊ ဧနိမ် မြို့တံခါး ဝ၌ ထိုင် နေလေ ၏။ အကြောင်း မူကား၊ ရှေလ ကြီးသော်လည်း ၊ မိမိ နှင့် အိမ်ထောင် ဘက်မ ပြု ရဟု သိမြင် သောကြောင့် တည်း။

15ယုဒ သည် ထိုမိန်းမ ကိုမြင် သောအခါ ၊ သူသည် မိမိ မျက်နှာ ကိုဖုံး ၍ နေသောကြောင့် ၊ ပြည်တန်ဆာ ဖြစ်သည်ဟု ထင်မှတ် လျက်၊

16လမ်း ကိုလွှဲ ၍ အနားသို့ ချဉ်းပြီးလျှင် ၊ သင့် ထံ သို့ငါဝင် ရသောအခွင့်ကိုပေးပါလော့ဟု ဆို လေသော်၊ မိန်းမက၊ သင်သည် ကျွန်မ ထံ သို့ဝင် လိုသောငှါအဘယ် ဆုကို ပေး မည်နည်းဟုမေးလျှင်၊

17ယုဒက၊ ဆိတ် သငယ် ကိုပေး လိုက်မည်ဟု ဆို လေ ၏။ မိန်းမကလည်း၊ မ ပေး လိုက်မှီ တစုံတခုသောအရာကို ပေါင် ထားမည်လောဟုမေး လျှင်၊

18ယုဒက အဘယ် အရာကို ပေါင် စေချင်သနည်း ဟု ပြန်၍မေး လေသော် ၊ မိန်းမက၊ သင် ၏တံဆိပ် ၊ စလွယ် ၊ လက်စွဲ တောင်ဝေး တို့ကို ပေါင်တော့ဟု ဆိုသည်အတိုင်း၊ ထိုဥစ္စာကိုအပ် ၍ မိန်းမ ထံ သို့ဝင် သဖြင့် ၊ သူသည် ပဋိသန္ဓေစွဲ ယူလေ၏။

19ထိုနောက်မှ ၊ မိန်းမသည် ထ သွား ၍ မျက်နှာဖုံး ကို ချွတ် ပြီးလျှင် ၊ မုတ်ဆိုးမ အဝတ် ကို ဝတ်မြဲဝတ် ပြန်လေ၏။

20ယုဒ သည် မိန်းမ ၌ပေါင် သောဥစ္စာကို ရွေး ယူ ခြင်းငှါ ၊ မိမိ အဆွေ အဒုလံ အမျိုးသားတွင် ဆိတ် သငယ် ကိုပေး လိုက်၏။ အဒုလံအမျိုးသားသည် ထိုမိန်းမ ကို မ တွေ့ လျှင်၊

21ဧနိမ် မြို့လမ်း နား မှာ ထိုင်နေသောပြည်တန်ဆာမ သည် အဘယ် မှာရှိသနည်းဟု ထိုအရပ်သား တို့ကို မေး လေသော်၊ အရပ်သားတို့က ဤ အရပ်၌ ပြည်တန်ဆာမ မ ရှိ ဟုဆို ကြလျှင်၊

22ယုဒ ထံ သို့ ပြန် ၍ ၊ ကျွန်ုပ်သည် ထိုမိန်းမ ကို ရှာ၍မ တွေ့။ အရပ် သား တို့ကလည်း ၊ ဤ အရပ်၌ ပြည်တန်ဆာမ မ ရှိ ဟု ဆိုကြောင်းကို ပြော လေ၏။

23ယုဒ ကလည်း ၊ အရှက် မကွဲမည်အကြောင်း ၊ ယူ ပါ လေစ။ ကြည့် ပါ။ ဤ ဆိတ် သငယ်ကို ကျွန်ုပ်ပေး လိုက်၍ သင်သည် မိန်းမ ကိုရှာ၍ မ တွေ့ ပါတကားဟုဆို ၏။

24ထိုနောက် သုံး လ ခန့် လွန်သည်ရှိ သော်၊ သူတပါး က၊ သင် ၏ချွေးမ တာမာ သည် ပြည်တန်ဆာ လုပ်၍ မ တရားသောမေထုန် ပြုသဖြင့် ကိုယ်ဝန် ဆောင်လျက် နေပြီတကားဟု ယုဒ အား ပြောဆို လျှင်၊ ယုဒ က သူ့ ကို ထုတ် ၍ မီးရှို့ စေဟု စီရင် လေ၏။

25ထုတ် သောအခါ ၊ တာမာ သည် တံဆိပ် ၊ စလွယ် ၊ တောင်ဝေး တို့ကို ယောက္ခမ ထံ သို့ ပို့ စေ၍၊ ဤ ဥစ္စာကို ပိုင်သောသူအားဖြင့် ကျွန်မ သည် ပဋိသန္ဓေ ယူပြီ။ ဤ ဥစ္စာတို့သည် အဘယ်သူ ၏ ဥစ္စာဖြစ်သည်ကို ကြည့် ပါလော့ဟု မှာ လိုက်၏။

26ထိုဥစ္စာ ကိုယုဒ မှတ်မိ ၍ သူ အပြစ်ထက် ငါ့ အပြစ်သာ၍ ကြီးပေ၏။ သူ့ အား ငါ့ သား ရှေလ ကို ငါမ ပေးစား ဘဲနေမိပြီဟု ပြောဆို ၏။ နောက်တဖန် သူ့ ကို မ ချဉ်းကပ် ဘဲနေ၏။

27ထိုနောက် တာမာ သည် သားဘွား ချိန် ရောက် လျှင် ၊ ဝမ်း ထဲ တွင် သား နှစ်ယောက်ရှိ ၏။

28ဘွား စဉ်တွင် သားတယောက်သည် လက် ကို ထုတ် ဆန့်၍ ၊ ဝမ်းဆွဲ က ဤ သူငယ်သည် အရင် ဘွား လိမ့်မည် ဟုဆို လျက် လက် ကိုကိုင် ၍ နီ သောကြိုးနှင့် စည်း လေ ၏။

29သို့သော်လည်း ထိုသူသည်မိမိ လက် ကိုရုပ် ပြန်၍ သူ့ အစ်ကို ဘွား သည်ကို ဝမ်းဆွဲက၊ သင်သည် အဘယ်ကြောင့် အနိုင် အထက်ပြုရသနည်း။ အနိုင်အထက် ပြုသော ဤအမှုသည် သင်၌စွဲစေဟုဆိုလျက် သူ့ ကိုဖါရက် အမည် ဖြင့် မှည့် လေ၏။

30ထိုနောက်မှ လက် ၌ ကြိုးနီ စည်းသောညီ ဘွား ၍၊ သူ့ ကိုဇာရ အမည် ဖြင့် မှည့် သတည်း။

← ကမ္ဘာဦးကျမ်း 37Read In The App, Free →ကမ္ဘာဦးကျမ်း 39 →

Study ကမ္ဘာဦးကျမ်း 38

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

1234567891011121314151617181920212223242526272829303132333435363738394041424344454647484950