ကမ္ဘာဦးကျမ်း 39:9
ဤ အိမ် တွင် လည်း ကျွန်တော် ထက် သာ၍ကြီး သောသူမ ရှိပါ။ ကိုယ် မယား ဖြစ်သော သခင်မ မှတပါး အဘယ် အရာကိုမျှ ကျွန်တော် အား မ မြစ်တား ပါ။ သို့ဖြစ်လျှင် အပြစ် ကြီး သောဤ အမှုကို ကျွန်တော်ပြု ၍ ဘုရားသခင် ကို အဘယ်သို့ ပြစ်မှား နိုင်သနည်းဟု သခင် ၏မယား ကို ငြင်း ၍ ပြန်ဆို ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Genesis 20:6ထိုအိပ်မက် ၌ ဘုရားသခင် ကလည်း ၊ မှန် ပေ၏။ သင် သည် ဖြောင့်မတ် သောသဘော နှင့် ပြု သည်ကို ငါသိ ၏။ သင် သည်ငါ့ ကို မပြစ်မှား စေခြင်းငှါ၊ သင့် ကို ငါ ဆီးတား ပြီး။ သို့ဖြစ်၍ ထိုမိန်းမ နှင့် ပေါင်းဘော် ရသောအခွင့်ကို ငါမ ပေး။
Genesis 41:40သင် သည် နန်းတော် အုပ် ဖြစ် ရမည်။ သင် ၏ စကား အတိုင်း ငါ ၏ပြည်သား အပေါင်း တို့ကို ငါစီရင် စေမည်။ ရာဇ ပလ္လင်အားဖြင့်သာ ငါသည် သင့် ထက် ကြီးမြတ် မည်ဟု မိန့်တော်မူ၏။
Exodus 20:14သူ့မယားကို မ ပြစ်မှား နှင့်။
Leviticus 20:10သူ့ မယား ကို ပြစ်မှား သောသူသည်၊ မှားယွင်း သော မိန်းမနှင့်တကွ အသေ သတ်ခြင်းကို အမှန်ခံရမည်။
2 Samuel 11:27ငိုကြွေး မြည်တမ်းချိန် လွန် မှ၊ ဒါဝိဒ် သည် လူကို စေလွှတ် ၍ ထိုမိန်းမကို နန်း တော်သို့ ခေါ် စေသဖြင့် ၊ သူသည် မိဖုရား အဖြစ် သို့ ရောက်၍ သား ယောက်ျားကို ဘွားမြင် လေ၏။ သို့ရာတွင် ဒါဝိဒ် ပြု သော အမှု သည် ထာဝရဘုရား ရှေ့ တော်၌ ဆိုး သောအမှုဖြစ်သတည်း။
Nehemiah 5:15အရင် မြို့ဝန် တို့ကို လူ များတို့သည် ကျွေးရကြ၏။ မုန့် နှင့် စပျစ်ရည် ကို၎င်း၊ တနေ့လျှင် ငွေ လေး ဆယ်ကို၎င်းပေး ရကြ၏။ မင်း လုလင်၏ စေစား ခြင်းကိုလည်း ခံရကြ ၏။ ငါ မူကား ဘုရား သခင်ကို ကြောက်ရွံ့ သောကြောင့် ၊ အရင်မြို့ဝန်ကဲ့သို့မ ပြု။