ကမ္ဘာဦးကျမ်း 41:40
သင် သည် နန်းတော် အုပ် ဖြစ် ရမည်။ သင် ၏ စကား အတိုင်း ငါ ၏ပြည်သား အပေါင်း တို့ကို ငါစီရင် စေမည်။ ရာဇ ပလ္လင်အားဖြင့်သာ ငါသည် သင့် ထက် ကြီးမြတ် မည်ဟု မိန့်တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Genesis 45:8သို့ဖြစ်၍ သင် တို့သည် ကျွန်ုပ် ကိုဤ အရပ်သို့ စေလွှတ် သည်မ ဟုတ်၊ ဘုရားသခင် စေလွှတ်တော်မူသတည်း။ ကျွန်ုပ် ကို ဖါရော ဘုရင်၏ အဘ အရာ၌ ၎င်း၊ နန်းတော် အုပ် အရာ၌ ၎င်း၊ အဲဂုတ္တု ပြည် လုံး ကို အုပ်စိုး သောသခင် အရာ၌၎င်း ခန့် ထားတော်မူပြီ။
1 Samuel 10:1ဆီ ဘူး ကိုယူ ၍ ရှောလု၏ခေါင်း ပေါ် မှာ လောင်း လေ၏။ တဖန် သူ့ ကိုနမ်း သဖြင့် ၊ ထာဝရဘုရား သည် သင့် ကို အမွေ တော်လူမျိုး၏ မင်း အရာ ၌ ခန့်ထား၍ ဆီလောင်ခြင်း ဘိသိက် ကိုပေးတော်မူ၏။
Esther 10:3ယုဒ အမျိုးသားမော်ဒကဲ သည် ရှင်ဘုရင် အာရွှေရု အောက်၌ အမြတ်ဆုံးသော အရာကိုရ၍ ယုဒ လူတို့တွင် ဘုန်း ကြီး၏။ မိမိ အမျိုး ၏ အကျိုး စီးပွားကို ပြုစု လျက်၊ အမျိုးသား ချင်းအပေါင်း တို့အား မင်္ဂလာ စကားကိုသာ ပြော လျက်၊ မိမိ အမျိုးသား ချင်းအပေါင်း တို့တွင် မျက်နှာ ရသောသူဖြစ် သတည်း။
Psalms 2:12သား တော်ကို နမ်း ကြလော့။ သို့မဟုတ် လျှင် အမျက် တော်ထွက်၍ ၊ သင်တို့သည်လမ်း ၌ ပျက်စီး ခြင်းသို့ ရောက်ကြလိမ့်မည်။ အမျက် တော်သည် ချက်ခြင်း ထွက် လိမ့်မည်။ သား တော်ကို ကိုးစား သောသူအပေါင်း တို့ သည် မင်္ဂလာ ရှိကြ၏။
Proverbs 22:29ဆောင်ရွက်စရာအမှု ကို ကြိုးစား ၍ ပြီးစီးစေ တတ်သောသူ ရှိ သလော။ ထိုသူသည် သာမည လူ၏ အမှု ကို မ ဆောင်ရွက် ၊ ရှင်ဘုရင် ၏ အမှု တော်ကို ဆောင်ရွက် ရ၏။
Daniel 5:29ထိုအခါ ဗေလရှာဇာ မင်းကြီးမိန့် တော်မူသည် အတိုင်း၊ ဒံယေလ ကို အဝတ်နီ ဝတ်ဆင် စေ၍ လည်ပင်း ၌ ရွှေ စလွယ် ဆွဲပြီးမှ၊ နိုင်ငံ တော်တွင် တတိယ မင်း ဖြစ် သည်ဟု မြို့ကိုလည်၍ဟစ်ကြော် ကြ၏။