Proverbs 22:29
ဆောင်ရွက်စရာအမှု ကို ကြိုးစား ၍ ပြီးစီးစေ တတ်သောသူ ရှိ သလော။ ထိုသူသည် သာမည လူ၏ အမှု ကို မ ဆောင်ရွက် ၊ ရှင်ဘုရင် ၏ အမှု တော်ကို ဆောင်ရွက် ရ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
28ဘိုးဘေး စိုက် ဘူးသော မြေမှတ်တိုင် တို့ကို မ ရွှေ့ နှင့်။
Cross References
Genesis 41:46ယောသပ် သည် အဲဂုတ္တု ရှင်ဘုရင် ဖါရော မင်း ထံ ၌ အခွင့် ရသောအခါ ၊ အသက် အနှစ်သုံးဆယ် ရှိသတည်း။ အထံတော်ကထွက် ၍ အဲဂုတ္တု ပြည် တရှောက်လုံး သို့ သွား လေ၏။
1 Samuel 17:31ထိုသို့ ဒါဝိဒ် ပြော သော စကား ကို ကြား သောသူတို့ သည် ရှောလု ထံ တော်၌ ကြား လျှောက်သော်၊ ဒါဝိဒ်ကို ခေါ် တော်မူ၏။
1 Kings 10:8ရှေ့ တော်၌ အစဉ် နေ ၍ ပညာ တော်ကိုကြား ရသောကိုယ်တော် ၏လူ ၊ ကိုယ်တော် ၏ကျွန် တို့သည် မင်္ဂလာ ရှိကြပါ၏။
1 Chronicles 4:23ထိုသူ တို့သည် အိုးထိန်း သမား၊ လယ်ယာလုပ်သမားဖြစ်၍၊ ရှင်ဘုရင် အနား မှာ နေ လျက် အမှု တော်ကို ဆောင်ရွက်ရကြ၏။
Proverbs 12:24လုံ့လဝိရိယ ပြုသောသူသည် အစိုး ရတတ်၏။ ပျင်းရိ သောသူမူကား ၊ အခွန် ပေး ရ၏။
Daniel 1:4မကောင်း သော လက္ခဏာကင်း လျက်၊ လှ သောအဆင်း သဏ္ဌာန်နှင့်ပြည့်စုံ၍ ၊ ကောင်း သောဉာဏ်နှင့်တကွ အထူးထူး အပြားပြားသော အတတ် ပညာများကို လေ့ကျက် ၍ ၊ နန်းတော် ၌ အမှု ထမ်းခြင်းငှါ တတ်စွမ်း နိုင်သော လူပျို တို့ကို ဣသရေလ မင်း မျိုး မင်းသား ထဲက ရွေးကောက်၍၊ ခါလဒဲ ဘာသာ အတတ်ကို သင် စေဟု အမိန့် တော်ရှိ၏။