ကမ္ဘာဦးကျမ်း 42:13
သူတို့ကလည်း၊ ကိုယ်တော် ကျွန် တို့သည် ခါနာန် ပြည် ၌ တ ယောက်တည်းသောသူ ၏သား ၊ ညီအစ်ကို တကျိပ် နှစ် ယောက် ဖြစ်ကြပါ၏။ အငယ်ဆုံး သောသူကား အဘ နှင့်အတူ ယခု ရှိရစ်ပါ၏။ တ ယောက်ကားမ ရှိပါဟု လျှောက် ပြန်လျှင်၊
မြန်မာကျမ်းစာ
In The King James Version
In Context
12ယောသပ်ကလည်း၊ မ ဟုတ်ဘူး။ ပြည် တော်၌ အားနည်း သော အရပ်ကိုကြည့်ရှု ခြင်းငှါ လာ ကြပြီဟု ဆို ပြန်၏။
14ယောသပ် က၊ သင် တို့သည် သူလျှို ဖြစ်ကြ၏ဟု ငါဆိုသည် အရာ မှာ၊
Cross References
Genesis 29:32လေအာ သည် ပဋိသန္ဓေ ယူသဖြင့် ၊ သား ကို ဘွားမြင် ၍ ရုဗင် အမည် ဖြင့် မှည့် လေ၏။ အကြောင်း မူကား၊ ထာဝရဘုရား သည် ငါ ၏ဆင်းရဲ ခံခြင်းကို အမှန် ကြည့် မြင်တော်မူပြီ။ သို့ဖြစ်၍ယခု ငါ့ လင် သည် ငါ့ ကိုချစ် လိမ့်မည်ဟု ဆို သတည်း။
Genesis 35:16ထိုနောက် တဖန် ဗေသလ အရပ်မှ ခရီး သွားပြန်၍ ၊ ဧဖရတ် မြို့နှင့် နီးသောအခါ၊ ရာခေလ သည် သားဘွား အံ့သောအချိန် ရောက်၍၊ ပြင်းစွာသော ဝေဒနာကို ခံရ၏။
Genesis 42:11ကျွန်တော် တို့သည် တယောက် တည်းသောသူ ၏ သား ဖြစ်ကြပါ၏။ ဖြောင့်မတ် သောသူလည်း ဖြစ်ကြပါ၏။ ကိုယ်တော် ၏ကျွန် တို့သည် သူလျှို မ ဟုတ်ပါဟု လျှောက် ကြ၏။
Genesis 42:36အဘ ယာကုပ် ကလည်း၊ သင်တို့သည် ငါ့သား တို့ကို လု ယူကြပြီ။ ယောသပ် မ ရှိ၊ ရှိမောင် မ ရှိ၊ ဗင်္ယာမိန် ကိုလည်း ယူ သွားချင်သည်တကား။ ဤ အမှုအလုံးစုံ တို့ သည် ငါ နှင့်ဆန့်ကျင် ဘက်ဖြစ်သည်တကားဟု သူ တို့အား ဆို ၏။
Genesis 43:7သူတို့က၊ ထိုသူ သည် ကျွန်ုပ် တို့၏အကြောင်း အရာ အမျိုးအနွယ် တို့ကို ကျပ်ကျပ်မေး လျက် ၊ သင် တို့အဘ အသက် ရှင်သေး သလော၊ ညီ ရှိ သေးသလောဟုမေးသောအခါ၊ ကျွန်ုပ်တို့သည် သူ ၏စကား သဘောသို့ လိုက်၍ ပြန် ပြောရပါ၏။ သင် တို့ညီ ကို ဆောင် ခဲ့ကြဟု သူပြော မည် ကို ကျွန်ုပ်တို့သည် အမှန်သိ နိုင်ပါသလောဟု ဆို ကြ၏။
Genesis 44:20ကျွန်တော်တို့က၊ ကျွန်တော် တို့အဘ အသက် ကြီး သောသူရှိပါ၏။ အဘအသက် ကြီးစဉ်အခါ ရသောသား ငယ် တယောက်ရှိ ပါ၏။ သူ ၏အစ်ကို သေ ပါပြီ။ သူ့ အမိ ဘွားသောသားတို့တွင် သူတယောက်တည်း ကျန်ရစ် ပါ၏။ ထိုကြောင့်သူ ၏အဘ သည် သူ့ ကို ချစ် ပါ၏ဟု သခင် အား ပြန်လျှောက် လေသော်၊