ကမ္ဘာဦးကျမ်း 29:32
လေအာ သည် ပဋိသန္ဓေ ယူသဖြင့် ၊ သား ကို ဘွားမြင် ၍ ရုဗင် အမည် ဖြင့် မှည့် လေ၏။ အကြောင်း မူကား၊ ထာဝရဘုရား သည် ငါ ၏ဆင်းရဲ ခံခြင်းကို အမှန် ကြည့် မြင်တော်မူပြီ။ သို့ဖြစ်၍ယခု ငါ့ လင် သည် ငါ့ ကိုချစ် လိမ့်မည်ဟု ဆို သတည်း။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Genesis 16:11သင် သည် ကိုယ်ဝန် ဆောင်သည်ဖြစ်၍ ၊ သား ယောက်ျားကို ဘွားမြင် လိမ့်မည်။ ထို သားကို ဣရှမေလ အမည် ဖြင့် မှည့် ရမည်။ အကြောင်းမူကား ၊ ထာဝရဘုရား သည် သင် ၏ ဆင်းရဲ ဒုက္ခကို ကြား သိတော်မူပြီ။
Genesis 35:22ထိုအရပ် ၌ နေ သောအခါ ၊ ရုဗင် သည်သွား ၍ အဘ ၏မယားငယ် ၊ ဗိလဟာ နှင့် အိပ် လေ၏။ ထို သတင်း ကို ဣသရေလ ကြား ၏။
Genesis 37:21ထိုစကားကို ရုဗင် ကြား လျှင် ၊ သူ့ကို မ သတ် ဘဲ နေကြစို့ဟုဆို လျက် ၊ သူ တို့လက် မှ ယောသပ် ကို နှုတ် လေ၏။
Genesis 42:22ရုဗင် ကလည်း၊ သူငယ် ကို မ ပြစ် မှားပါနှင့်ဟု ကျွန်ုပ်ဆို သည်မ ဟုတ် လော။ သင်တို့သည် နား မ ထောင်ဘဲ နေကြသောကြောင့် သူ ၏အသွေး အတွက် ယခု အစစ် ခံရကြသည်ဟု ပြန် ၍ဆို၏။
Genesis 46:8အဲဂုတ္တု ပြည်သို့ ရောက် သော ဣသရေလ သား တို့၏အမည် ကား ၊ ယာကုပ် နှင့် သူ ၏သား များ။ သား ဦးရုဗင်။
Exodus 3:7ထာဝရဘုရား ကလည်း၊ အဲဂုတ္တု ပြည်၌ ရှိသောငါ ၏လူ တို့ခံရသောညှဉ်းဆဲ ခြင်းကို ငါစေ့စေ့မြင် ခဲ့ပြီ။ သူ တို့ကို စေခိုင်း သော သခင်တို့ကြောင့် သူ တို့မြည်တမ်း သောအသံကိုလည်း ငါကြား ခဲ့ပြီ။ သူ တို့နာကြည်း ခြင်း ဝေဒနာကို ငါသိ ၏။