ကမ္ဘာဦးကျမ်း 44:31
သူငယ် မ ရှိသည်ကို မြင် သောအခါ အဘသေ ပါလိမ့်မည်။ ကိုယ်တော် ကျွန် တို့သည်၊ ကိုယ်တော် ကျွန် တည်းဟူသောကျွန်တော် တို့အဘ ဆံပင် ဖြူကို ဝမ်းနည်း ခြင်းနှင့်တကွ မရဏာ နိုင်ငံသို့ သက်ရောက် စေကြပါ လိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Genesis 37:35သား သမီး အပေါင်း တို့သည်၊ အဘ ကို နှစ်သိမ့် စေခြင်းငှါ ကြိုးစားသော်လည်း ၊ သူသည် နှစ်သိမ့် စေသော စကားကို နား မထောင်ဘဲ၊ ငါ့ သား ရှိ ရာ မရဏာ နိုင်ငံသို့ စိတ် မသာညည်းတွားလျက် ဆင်းသက် တော့မည်ဟု ဆို လေ၏။ ထိုသို့ယောသပ်အဘသည် သား ကြောင့် ငိုကြွေး မြည်တမ်းလျက် နေလေ၏။
1 Samuel 4:17တမန်က၊ ဣသရေလ အမျိုးသည် ဖိလိတ္တိ လူတို့ရှေ့ မှာပြေး ၍ ကြီးစွာ သော လုပ်ကြံ ခြင်းကိုခံရ ကြပါပြီ။ ကိုယ်တော် ၏သား ၊ ဟောဖနိ နှင့် ဖိနဟတ် နှစ် ယောက်တို့သည် သေ ပါပြီ။ ဘုရား သခင်၏ သေတ္တာ တော် သည်လည်း ရန်သူလက် သို့ရောက်ပါပြီဟု ပြန် လျှောက်လေ၏။
2 Corinthians 7:10အဘယ်သို့နည်းဟူမူကား၊ ဘုရားသခင် ၏ အလို တော်နှင့် ညီသော ဝမ်းနည်း ခြင်းသည် ကယ်တင် ခြင်းနှင့် ယှဉ်သောနောင်တ စိတ် တည်းဟူသော၊ မ ပြောင်းလဲနိုင်သောနောင်တစိတ်ကို ပြုပြင် တတ်၏။ လောကီ ဝမ်းနည်း ခြင်းမူကား ၊ သေ ခြင်းကိုပြုပြင် တတ်၏။