ကမ္ဘာဦးကျမ်း 45:10
အဘသည် ဂေါရှင် အရပ် ၌ နေ ရမည်။ ကျွန်ုပ် အနား မှာ ရှိ ရမည်။ အဘ မှစ၍ သား မြေး ၊ သိုး ၊ နွား နှင့်တကွ ရှိသမျှ ပါရမည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Genesis 46:34ကိုယ်တော် ကျွန် တော်တို့သည် ဘိုးဘေး နှင့်တကွ ၊ ငယ် သော အရွယ်မှစ၍ ယခု တိုင်အောင် သိုး နွားတို့ကို မွေး သောသူဖြစ် ကြပါ၏ဟု လျှောက် ရမည်။ သို့ဖြစ်၍ ဂေါရှင် ပြည် မှာ နေ သောအခွင့်ကို ရကြလိမ့်မည်။ သိုး ထိန်း ဖြစ်သောသူကို အဲဂုတ္တု လူတို့သည် ရွံရှာ တတ်ကြ၏ ဟု အစ်ကို များ အဘ ၏အိမ်သား များတို့ကို ပြော ဆို၏။
Genesis 47:4ခါနာန် ပြည် ၌ အလွန် အစာခေါင်းပါး ၍ သိုး နွား ကျက်စား ရာမ ရှိသောကြောင့် ၊ ကိုယ်တော် ကျွန် တို့သည် ပြည် တော်၌ တည်းခို ခြင်းငှါ လာ ကြပါ၏။ သို့ဖြစ်၍ ကိုယ်တော် ကျွန် တို့သည် ဂေါရှင် ပြည် ၌ နေ ရမည် အကြောင်းအခွင့်ပေးတော်မူပါဟူ၍၎င်း လျှောက် ကြ၏။
Genesis 47:12အဘ နှင့် အစ်ကို များ၊ အဘ ၏အိမ်သား ရှိသမျှ တို့ ကို အနည်း အများအလိုက် ကျွေးမွေး ၏။
Exodus 9:26သို့ရာတွင် ဣသရေလ အမျိုးသား နေရာ ဂေါရှင် ပြည် ၌ မိုဃ်းသီး မ ကျ မရွာ။
John 14:2ငါ့ အဘ ၏အိမ် တော်၌ နေစရာအခန်း များ ရှိ ၏။ သို့ မ ဟုတ်လျှင် မဟုတ်ကြောင်းကိုသင် တို့အား ငါ မပြော ဘဲမနေ။ သင် တို့နေစရာအရပ် ကို ပြင်ဆင် ခြင်းငှာငါသွား ရ၏။