ကမ္ဘာဦးကျမ်း 47:4
ခါနာန် ပြည် ၌ အလွန် အစာခေါင်းပါး ၍ သိုး နွား ကျက်စား ရာမ ရှိသောကြောင့် ၊ ကိုယ်တော် ကျွန် တို့သည် ပြည် တော်၌ တည်းခို ခြင်းငှါ လာ ကြပါ၏။ သို့ဖြစ်၍ ကိုယ်တော် ကျွန် တို့သည် ဂေါရှင် ပြည် ၌ နေ ရမည် အကြောင်းအခွင့်ပေးတော်မူပါဟူ၍၎င်း လျှောက် ကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
5ဖါရော မင်းကလည်း ၊ သင် ၏အဘ နှင့် အစ်ကို တို့ သည် သင့် ထံ သို့ရောက် လာကြသည်ဖြစ်၍၊
Cross References
Genesis 15:13ထာဝရဘုရားကလည်း၊ သင် ၏ အမျိုး အနွယ်သည်၊ သူတပါးပိုင်သောပြည် ၌ ဧည့်သည် ဖြစ် ကြသဖြင့် ၊ သူတပါး တို့၌ ကျွန် ခံခြင်း၊ နှိပ်စက် ညှဉ်းဆဲခြင်းကို အနှစ် လေး ရာ ပတ်လုံးခံရကြလိမ့်မည်ကို အမှန်သိမှတ်လော့။
Genesis 45:10အဘသည် ဂေါရှင် အရပ် ၌ နေ ရမည်။ ကျွန်ုပ် အနား မှာ ရှိ ရမည်။ အဘ မှစ၍ သား မြေး ၊ သိုး ၊ နွား နှင့်တကွ ရှိသမျှ ပါရမည်။
Deuteronomy 26:5သင်ကလည်း၊ အရပ်ရပ်သို့ လှည့်လည် သော ရှုရိ အမျိုးသားသည် အကျွန်ုပ် အဘ ဖြစ်ပါ၏။ သူသည် အဲဂုတ္တု ပြည်သို့ သွား ၍ လူ အနည်းငယ် နှင့်တကွ တည်းခို စဉ်တွင် ကြီးမား များပြား သော လူမျိုး ဖြစ် ပါ၏။
Isaiah 52:4အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါ ၏လူ တို့သည် အထက် က အဲဂုတ္တု ပြည်၌ တည်းခို အံ့ သောငှါ သွား ကြ၏။ နောက် မှ အာရှုရိ လူတို့သည် အကြောင်းမရှိဘဲ ညှဉ်းဆဲ ကြ၏။
Acts 7:11ခါနာန် ပြည်နှင့် အဲဂုတ္တု ပြည် တရှောက် လုံး၌ အစာ ခေါင်းပါးခြင်း၊ ကြီးစွာ သောဆင်းရဲ ခြင်းရှိ၍ ငါ တို့ အဘ များ၌ စားစရာ ကုန် သောအခါ ၊ အဲဂုတ္တု ပြည်မှာ ဆန် စပါးရှိ သည်ဟု ယာကုပ် သည်ကြား လျှင် ၊