ကမ္ဘာဦးကျမ်း 46:1
ထိုအခါ ဣသရေလ သည် မိမိ ဥစ္စာရှိသမျှ နှင့်တကွ ခရီး သွား၍ ဗေရရှေဘ အရပ်သို့ ရောက် လျှင် ၊ မိမိ အဘ ဣဇာက် ၏ ဘုရား သခင်အား ယဇ် ပူဇော် ခြင်းကို ပြုလေ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Genesis 8:20နောဧ သည်လည်း ၊ ထာဝရဘုရား အဘို့ ယဇ် ပလ္လင်ကို တည် ပြီးမှ စင်ကြယ် သောသား ၊ စင်ကြယ် သော ငှက် အမျိုးမျိုး ထဲက ယူ ၍ ၊ ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့သော ယဇ် ကို ပူဇော်လေ၏။
Genesis 21:14အာဗြဟံ သည် နံနက် စောစောထ ၍ ၊ မုန့် နှင့် ရေ ဘူး ကိုယူ သဖြင့် ၊ ဟာဂရ ပခုံး ၌ တင် ပြီးလျှင် ၊ သူငယ် ကို အပ် ၍ ကျွန်မ ကို လွှတ် လိုက်လေ၏။ သူသည်လည်း သွား ၍ ဗေရရှေဘ တော ၌ လှည့်လည် လျက် နေ၏။
Genesis 21:33အာဗြဟံ သည် ဗေရရှေဘ အရပ်၌ မန်ကျည်း ပင်ကိုစိုက် ၍ ၊ အစဉ် အမြဲတည်တော်မူသောဘုရား သခင်တည်းဟူသော၊ ထာဝရဘုရား ၏ နာမတော် ကို ပဌနာ ပြု လေ၏။
Genesis 26:22ထို အရပ်မှ နေရာ ပြောင်း၍ ၊ အခြား သော ရေတွင်း ကို တူး ကြ၏။ ထို ရေတွင်းကို အဘယ်သူမျှမ လုယက် သောကြောင့် ၊ ငါတို့ နေစရာအခွင့်ကို ယခု ထာဝရဘုရား ပေး တော်မူပြီ ဖြစ်၍ ၊ ဤပြည် ၌ ငါ တို့သည် စီးပွါး များကြလိမ့်မည်ဟုဆို လျက် ၊ ထို ရေတွင်းကို ရဟောဘုတ် အမည် ဖြင့် မှည့် သတည်း။
Genesis 28:13ထာဝရဘုရား သည် လှေကားထက် ၌ ရပ် တော်မူလျက် ၊ ငါ သည် သင် ၏အဘ အာဗြဟံ ဘုရား ၊ ဣဇာက် ၏ ဘုရား တည်းဟူသော ထာဝရဘုရား ဖြစ်၏။ သင် အိပ် သော မြေ ကို သင် နှင့် သင် ၏ အမျိုးအနွယ် အား ငါပေး မည်။
Genesis 31:53အာဗြဟံ ၏ ဘုရားသခင် ၊ နာခေါ် ၏ ဘုရားသခင် ၊ သင့်အဘ ၏ဘုရားသခင် သည် ငါ တို့စပ်ကြား ၌ စီရင် တော်မူစေသတည်းဟူ၍၎င်း၊ ယာကုပ် အား ဆို ၏။ ယာကုပ် သည်လည်း၊ မိမိ အဘ ကြောက်ရွံ့ ရာ ဘုရားကို တိုင်တည် ၍ ကျိန်ဆိုခြင်းကို ပြုလေ၏။