ကမ္ဘာဦးကျမ်း 47:22
ယဇ်ပုရောဟိတ် တို့ ပိုင်သောမြေ ကိုကားမ ဝယ်။ သူတို့သည် ဖါရော မင်းကျွေးမွေး သည်အတိုင်း ကျွေးမွေး သော အစာ ကိုစား ရကြ၏။ ထိုကြောင့် မိမိ တို့မြေ ကို မ ရောင်း ရကြ။
မြန်မာကျမ်းစာ
In The King James Version
In Context
21လူ တို့ကိုကား ၊ အဲဂုတ္တု ပြည် တစွန်း မှ သည် တစွန်း တိုင်အောင်မြို့ တို့သို့ ပြောင်း စေ၏။
Cross References
Genesis 41:45ဖါရောမင်းသည်လည်း၊ ဇာဖဏာသဖါဏ တည်း ဟူသောဘွဲ့ နာမနှင့်ယောသပ် ကို ချီးမြှောက် ၍ ဩန မြို့၏ ယဇ်ပုရောဟိတ် ပေါတိဖေရ ၏သမီး အာသနတ် နှင့် စုံဘက် စေတော်မူ၏။ ထိုသို့ယောသပ် သည် အဲဂုတ္တု နိုင်ငံ အုပ်အရာနှင့် အထံ တော်ကထွက် လေ၏။
Genesis 47:26ထိုကြောင့်ဖါရော မင်းမ ပိုင်သော ယဇ်ပုရောဟိတ် တို့ မြေ ကိုထား၍၊ ဖါရော မင်းသည် ငါး ဘို့တွင် တဘို့ကိုပိုင်တော်မူစေဟု ယနေ့ တိုင်အောင်အဲဂုတ္တု ပြည် ၌တည်သော ဓမ္မသတ် ကို ယောသပ် စီရင် ၍ ထား သတည်း။
Joshua 21:1လေဝိ သား အဆွေအမျိုးသူကြီး တို့သည်၊ ယဇ်ပုရောဟိတ် ဧလာဇာ ၊ နုန် ၏သား ယောရှု ၊ ဣသရေလ အမျိုးတို့တွင် အဆွေ အမျိုးသူကြီး တို့ထံ သို့ချဉ်းကပ် ၍၊
Ezra 7:24ထိုမှတပါး၊ ယဇ်ပုရောဟိတ် ၊ လေဝိ သား၊ သီချင်း သည်၊ တံခါး စောင့်၊ ဘုရား ကျွန်၊ ဘုရား သခင်၏ အိမ် တော်အမှု စောင့် တစုံတယောက်၌ မျှငွေတော်ကို မခွဲစေနှင့်။ အခွန် တော်အကောက် တော်ကို မခံမယူစေနှင့် ဟုငါမှာလိုက်၏။
Matthew 10:10လမ်း ခရီးဘို့ လွယ်အိတ် ၊ အင်္ကျီ နှစ် ထည်၊ ခြေနင်း တောင်ဝေး ကို မ သိုမှီးကြနှင့်။ အကြောင်းမူကား ၊ လုပ်ဆောင် သောသူ သည် ကျွေးမွေး ခြင်းကို ခံထိုက် ပေ၏။
Galatians 6:6နှုတ်ကပတ် တရားကို သင် သောသူ သည် သင်ပေး သောသူ အား ကောင်း သောအရာရှိသမျှ တို့ကို ဝေမျှ စေ။