ကမ္ဘာဦးကျမ်း 48:22
ထိုမှတပါး သင် ၏အစ်ကို တို့အား ပေး သည်ထက် သင့် အားသာ၍ပေးသောအရာဟူမူကား၊ ငါ့ ထား ၊ ငါ့ လေး ဖြင့် အာမောရိ အမျိုးသားလက် မှ နှုတ်ယူ သောအရာ ကို သင့်အား ငါပေးသည်ဟု ယောသပ် ကို ပြော ဆို၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Genesis 33:19တဲ ဆောက် ရာမြေ အကွက် ကို ရှေခင် ၏အဘ ၊ ဟာမော် ၏သား တို့တွင်၊ ငွေ တပိဿာ အဘိုးပေး၍ ဝယ် ရသတည်း။
Deuteronomy 21:17မုန်း သောမယား၏ သား သည် သားဦး ဖြစ်သည် ဟု ဝန်ခံ ၍ ၊ နှစ်ဆ သော အမွေ ဥစ္စာကို သူ့ အား ပေး ရမည်။ အကြောင်း မူကား၊ ထိုသားသည် အဘ ၏ ခွန်အား အစဦး ဖြစ်၏။ သားဦး အရိပ် အရာနှင့် ဆိုင် ပေ၏။
Joshua 24:32ဣသရေလ အမျိုးသားတို့သည် အဲဂုတ္တု ပြည်မှ ဆောင် ခဲ့သော ယောသပ် ၏အရိုး တို့ကို၊ ရှေခင် ၏အဘ ဟာမော် ၏သား တို့တွင် ငွေ တ ပိဿာနှင့် ယာကုပ် ဝယ် သော ရှေခင် မြို့နယ်မြေ အကွက် ၌ သင်္ဂြိုဟ် ကြ၏။ ထိုမြေအကွက်သည် ယောသပ် သား တို့ အမွေ မြေဖြစ် သတည်း။
1 Chronicles 1:14ထိုနောက် ယေဗုသိ လူ၊ အာမောရိ လူ၊ ဂိရဂါရှိ လူ၊
Ezekiel 47:13အရှင် ထာဝရဘုရား မိန့် တော်မူသည်အတိုင်း၊ ဣသရေလ အမျိုး တဆယ် နှစ် မျိုးအမွေ ခံရသော မြေ အပိုင်းအခြားမူကား၊ ယောသပ် သည် မြေ အပိုင်းအခြားနှစ်ခုကို ယူရမည်။
John 4:5ယာကုပ် သည် မိမိ သား ယောသပ် အား ပေး သောမြေ အကွက်နှင့်အနီး ၊ ရှမာရိ နယ်၊ ရှုခါ အမည် ရှိသောမြို့ သို့ ရောက် တော်မူ၏။