The Bible Software
ကမ္ဘာဦးကျမ်း · မြန်မာကျမ်းစာ

ကမ္ဘာဦးကျမ်း 48

1နောက်တဖန်ယောသပ် သည် အဘ နာ ကြောင်းကို ကြား သဖြင့် ၊ သား နှစ် ယောက်မနာရှေ နှင့် ဧဖရိမ် ကို ယူ ၍သွား၏။

2သား ယောသပ် လာ ကြောင်း ကို ယာကုပ် သည် ကြား လျှင် ၊ အားထုတ် ၍ ခုတင် ပေါ် မှာထိုင် ၏။

3ထိုအခါ ယာကုပ် က၊ အနန္တ တန်ခိုးရှင်ဘုရား သခင် သည်၊ ခါနာန် ပြည် လုဇ မြို့၌ ငါ့ အား ထင်ရှား ၍ ကောင်းကြီး ပေးတော်မူလျက်၊

4ငါ သည်သင့် ကို တိုး ပွါးများပြား စေမည်။ သင့် ကို များစွာ သော လူ ဖြစ်စေ မည်။ သင် ၏အမျိုးအနွယ် သည် သင့် နောက်မှ ဤ ပြည် ကို အစဉ် အမြဲပိုင် စေခြင်းငှါ ငါပေး မည်ဟု မိန့် တော်မူ၏။

5သင်နေသောအဲဂုတ္တု ပြည် သို့ ငါ မ ရောက် မှီ၊ အဲဂုတ္တု ပြည်၌ သင်ရ နှင့်သော သား နှစ် ယောက်၊ ဧဖရိမ် နှင့် မနာရှေ တို့သည် ငါ့ သားဖြစ်ရမည်။ ရုဗင် နှင့် ရှိမောင် ကဲ့သို့ ငါ့ သားဖြစ် ရမည်။

6နောက်မှ သင်ရ သောသား တို့သည် သင် ၏သား ဖြစ်၍မိမိ အမွေ ခံရာတွင် မိမိအစ်ကို တို့အမည် ဖြင့် သမုတ် ရကြမည်။

7ငါ သည်ပါဒနာရံ အရပ်မှ လာ သည်ကာလ ၊ ခါနာန် ပြည် ၌ ခရီး သွား၍၊ ဧဖရတ် မြို့နှင့်နီး သောအခါ ၊ သင့်အမိရာခေလ သည် ငါ့ အနား မှာ သေ ရှာ၏။ သေ သောအရပ် ဗက်လင် အမည်ရှိသောဧဖရတ် မြို့သို့ သွား သောလမ်း ၌ သင်္ဂြိုဟ် လေသည်ဟု ယောသပ်အားဆို၏။

8တဖန် ဣသရေလ သည် ယောသပ် ၏သား တို့ကို ကြည့်ရှု ၍ ၊ ဤ သူတို့ကား အဘယ် သူနည်းမေး လျှင်၊

9ယောသပ် က ၊ ဤ ပြည်၌ အကျွန်ုပ် အား ဘုရားသခင် ပေး သနားတော်မူသောအကျွန်ုပ် ၏ သား ဖြစ်ပါသည် ဟု အဘ အားဆိုသော် ၊ အဘက၊ ငါ့ ထံ သို့လာ ပါစေလော့။ သူ တို့ကို ငါကောင်းကြီး ပေးမည်ဟု ဆို ၏။

10ဣသရေလ သည် အသက် ကြီး၍ မျက်စိ မှုန် သဖြင့်၊ မ မြင် နိုင် သောကြောင့် ၊ သား တို့ကို အနီးသို့ ချဉ်းကပ် စေ၍ ပိုက် ဘက်နမ်းရှုပ် လေ၏။

11ဣသရေလ ကလည်း ၊ ငါသည် သင် ၏မျက်နှာ ကို မြင် ရမည်ဟု ငါမ ထင်။ ယခုတွင်သင် ၏သား တို့ကိုပင် ဘုရားသခင် ပြ တော်မူပြီဟု ယောသပ် အား ဆို ၏။

12ယောသပ် သည်လည်း ၊ သား တို့ကို အဘ ၏ဒူး ကြားမှ ထုတ် ၍ အဘ ရှေ့ ၌ဦးညွှတ် ချစေ၏။

13တဖန် ယောသပ် သည် သား တို့ကိုယူ ၍ ဧဖရိမ် ကို လက်ျာ လက်နှင့် ကိုင်လျက်၊ ဣသရေလ လက်ဝဲ လက်သို့၎င်း၊ မနာရှေ ကို လက်ဝဲ လက်နှင့် ကိုင်လျက်၊ ဣသရေလ လက်ျာ လက်သို့၎င်း ချဉ်းကပ် စေ၏။

14မနာရှေ သည်သားဦး ဖြစ်သော်လည်း ၊ ဣသရေလ သည် မိမိ လက် တို့ကို ဆန့် ၍ လိမ္မာစွာ ပဲ့ပြင်လျက် ၊ အသက် ငယ်သောသူ ဧဖရိမ် ၏ခေါင်း ပေါ် မှာ လက်ျာ လက်ကို တင် ပြီးလျှင်၊ လက် ဝဲလက်ကို မနာရှေ ၏ ခေါင်း ပေါ် မှာ တင်၏။

15ယောသပ် ကို ကောင်းကြီး ပေးလျက် ၊ ငါ့ အဘ အာဗြဟံ နှင့် ဣဇာက် ကိုးကွယ်သော ဘုရားသခင် ၊ ငါ့ ကို တသက်လုံး ယနေ့ တိုင်အောင် ကျွေးမွေး တော်မူသောဘုရားသခင် တည်းဟူသော၊

16ငါ့ ကိုခပ်သိမ်း သော ဘေးဒဏ် အထဲ က ကယ်နှုတ် တော်မူသောကောင်းကင် တမန်သည်၊ ဤသူငယ် တို့ကို ကောင်းကြီး ပေးတော်မူပါစေသော။ သူ တို့ကို ငါ့ အမည် ဖြင့်၎င်း ၊ ငါ့ အဘ အာဗြဟံ နှင့် ဣဇာက် ၏အမည် ဖြင့်၎င်း၊ ထပ်၍မှည့် ပါစေသော။ သူတို့သည် မြေကြီး ပေါ် မှာ အလွန်တိုး ပွါးများပြား ပါစေသောဟု မြွက်ဆို၏။

17အဘ သည်လက်ျာ လက် ကို ဧဖရိမ် ၏ခေါင်း ပေါ် မှာ တင် သည်ကို ယောသပ် မြင် လျှင် ၊ အား မရ သည်ဖြစ်၍၊

18မ ဟုတ်ပါအဘ။ ဤ သူသည် သားဦး ဖြစ်ပါ၏။ သူ ၏ခေါင်း ပေါ် မှာ လက်ျာ လက်ကိုတင် ပါဟု ဆို လျက် အဘ ၏ လက် ကိုဧဖရိမ် ခေါင်း ပေါ် က မနာရှေ ခေါင်း ပေါ် သို့ ပြောင်း ခြင်းငှါ ချီ လေ၏။

19အဘ သည်ငြင်း ၍ ၊ ငါသိ ၏ငါ သား ၊ ငါသိ ၏။ သူသည် ကြီးစွာ သော လူ စုဖြစ် လိမ့်မည်။ သို့သော်လည်း ၊ သူ့ ညီ သည် သူ့ ထက် သာ၍ ကြီးသဖြင့် ၊ သူ ၏ အမျိုး အနွှယ်သည် များစွာ သော လူ အစုစုဖြစ် လိမ့်မည်ဟု ဆို ၏။

20တဖန် ဘုရားသခင် သည် သင့် ကို ဧဖရိမ် ကဲ့သို့ ၎င်း ၊ မနာရှေ ကဲ့သို့ ၎င်း ဖြစ်စေ တော်မူပါစေသောဟူ၍ ဣသရေလ အမျိုးသားတို့ သည်သင် အားဖြင့် ကောင်းကြီး ပေးကြလိမ့်မည်ဟု ထိုနေ့ ၌ သူ တို့ကိုကောင်းကြီး ပေးလေ၏။ ထိုသို့ မနာရှေ ရှေ့ မှာ ဧဖရိမ် ကိုနေရာ ချသတည်း။

21ဣသရေလ ကလည်း ၊ ငါ သေ တော့မည်။ သို့သော်လည်း ၊ ဘုရားသခင် သည် သင် တို့ဘက် ၌ရှိ ၍ ၊ သင် တို့ကို ဘိုးဘေး နေရာ ပြည် သို့ တဖန် ဆောင် တော်မူလိမ့်မည်။

22ထိုမှတပါး သင် ၏အစ်ကို တို့အား ပေး သည်ထက် သင့် အားသာ၍ပေးသောအရာဟူမူကား၊ ငါ့ ထား ၊ ငါ့ လေး ဖြင့် အာမောရိ အမျိုးသားလက် မှ နှုတ်ယူ သောအရာ ကို သင့်အား ငါပေးသည်ဟု ယောသပ် ကို ပြော ဆို၏။

← ကမ္ဘာဦးကျမ်း 47Read In The App, Free →ကမ္ဘာဦးကျမ်း 49 →

Study ကမ္ဘာဦးကျမ်း 48

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

1234567891011121314151617181920212223242526272829303132333435363738394041424344454647484950