ကမ္ဘာဦးကျမ်း 49:18
အိုထာဝရဘုရား ၊ ကယ်တင် တော်မူခြင်းကျေးဇူးကို အကျွန်ုပ်မြော်လင့် လျက်နေပါပြီ။
မြန်မာကျမ်းစာ
In The King James Version
I have waited for thy salvation, O LORD.
In Context
19ဂဒ် မူကား၊ စစ်သူရဲ တို့သည် သူ တို့တိုက် ကြ၍ ၊ သူ သည် ပြန်တိုက် လိမ့်မည်။
Cross References
Psalms 25:5ကိုယ်တော် ၏ သမ္မာ တရားကို ပြ ၍ ၊ အကျွန်ုပ် ကို သွန်သင် တော်မူပါ။ အကြောင်း မူကား၊ ကိုယ်တော် သည် အကျွန်ုပ် ကို ကယ်တင် သော ဘုရား သခင်ဖြစ်တော်မူ၏။ ကိုယ်တော် ကို အစဉ် မြော်လင့် လျက် နေပါ၏။
Psalms 62:1အကယ် စင်စစ်ငါ့ ဝိညာဉ် သည် ဘုရား သခင်ရှေ့ မှာ ငြိမ်ဝပ် စွာ နေတတ်၏။ ငါ့ ကို ကယ်တင် ခြင်း အကြောင်းသည် အထံ တော်က သက်ရောက်ရ၏။
Psalms 85:7အိုထာဝရဘုရား ၊ အကျွန်ုပ် တို့အား ကရုဏာ တော်ကိုပြ ၍၊ ကယ်တင် တော်မူခြင်းကျေးဇူးကို ပြု တော်မူ ပါ။
Psalms 119:166အိုထာဝရဘုရား ၊ ကယ်တင် တော်မူခြင်းကျေးဇူးကို အကျွန်ုပ်မြော်လင့် ၍ ၊ ပညတ် တော်တို့ကို ကျင့် ပါ၏။
Psalms 123:2ကျွန် တို့သည် သခင် လက် ကို ၎င်း၊ ကျွန် မတို့သည် သခင်မ လက် ကို ၎င်းမျှော် ကြည့်သည်နည်းတူ ၊ အကျွန်ုပ် တို့ သည် ကယ်မ သနားတော်မူခြင်းကျေးဇူးကို မ ခံမှီတိုင်အောင်၊ အကျွန်ုပ် တို့၏ ဘုရား သခင်ထာဝရဘုရား ကို မျှော် ကြည့်လျက်နေကြပါ၏။
Isaiah 8:17ယာကုပ် အမျိုးသား တို့တွင် မျက်နှာ တော်ကို ကွယ် ထားတော်မူသောထာဝရဘုရား ကို ငါသည် ဆိုင်းငံ့ လျက် မြော်လင့် မည်။