The Bible Software
ကမ္ဘာဦးကျမ်း · မြန်မာကျမ်းစာ

ကမ္ဘာဦးကျမ်း 49

1ထို ရောအခါ၊ ယာကုပ် သည် မိမိ သား တို့ကို ခေါ် ၍ ၊ သင် တို့သည် စည်းဝေး ကြလော့။ နောင် ကာလ အခါ၊ သင် တို့၌ ဖြစ် လတံ့သော အမှု အရာများကို ငါဟောပြော မည်။

2ယာကုပ် ၏သား တို့၊ စည်းဝေး ၍ ကြား ကြလော့။ အဘ ဣသရေလ ၏စကားကို နားထောင် ကြလော့။

3အိုရုဗင် ၊ သင် သည် ငါ့ သားဦး ၊ ငါ့ အစွမ်း သတ္တိ၊ ငါ ခွန်အား အစ အဦး၊ ဘုန်း အထွဋ် ၊ တန်ခိုး အထွဋ် ဖြစ်၏။

4သို့သော်လည်းရေ ကဲ့သို့ ပွက်ထ သော သဘောရှိသည်ဖြစ်၍၊ ထူးမြတ် ခြင်းသို့ မ ရောက်ရ။ အကြောင်း မူကား၊ သင် သည် အဘ ၏အိပ်ရာ ကို တက် ၍ ညစ်ညူး စေ၏။ ငါ့ ခုတင် ထက်သို့တက် လေပြီတကား။

5ရှိမောင် နှင့် လေဝိ သည် ညီအစ်ကို ဖြစ်၏။ အဓမ္မ အမှုကို ကြံသည်အတိုင်း ပြီးစီးကြပြီ။

6ငါ့ ဝိညာဉ် သည် သူ တို့လျှို့ဝှက် ခြင်း အမှုထဲ သို့မ ဝင် ရ။ ငါ့ ဘုန်း သည် သူ တို့စည်းဝေး ရာနှင့် အသင်း မ ဖွဲ့ရ။ သူတို့သည် အမျက် ထွက်၍ လူ အသက်ကိုသတ် ကြပြီ။ ကိုယ် အလို သို့လိုက်၍ မြို့ ကိုဖြို ဖျက်ကြပြီ။

7သူ တို့ပြင်းစွာ ထွက်သောအမျက် ၊ ကြမ်းတမ်း စွာသော ဒေါသ သည် ကျိန်ခြင်း ကိုခံ ပါစေသော။ ယာကုပ် အမျိုး၊ ဣသရေလ အနွယ်သားတို့တွင် သူ တို့ကို ငါကွဲပြား ပြန့်လွင့်စေမည်။

8အိုယုဒ ၊ သင် သည်ညီအစ်ကို တို့ ချီးမွမ်း ရသောသူဖြစ် ၏။ သင် ၏လက် သည် သင် ၏ရန်သူ လည်ပင်း ပေါ် မှာ ရှိလိမ့်မည်။ အဘ ၏သား တို့သည် သင့် ရှေ့ မှာ ဦးညွှတ် ချကြလိမ့်မည်။

9ယုဒ သည် ခြင်္သေ့ ပျို ဖြစ်၏။ ငါ့ သား ၊ သင်သည် ဘမ်း ယူကိုက်စားရာမှ တက် လာတတ်၏။ ဝပ် လျက် နေ၏။ ခြင်္သေ့ ကဲ့သို့ ၎င်း ၊ ခြင်္သေ့ မကဲ့သို့ ၎င်း ဝပ် တွားတတ် ၏။ အဘယ်သူ နှိုးဆော် ဝံ့မည်နည်း။

10ရှိလောမရောက် မှီတိုင်အောင် ၊ ရာဇလှံတံ သည် ယုဒ ထံ မှ၎င်း၊ မင်း အာဏာသည် သူ၏အမျိုးအနွယ် ထံ မှ၎င်း မ ရွေ့ ရ။ ရှိလော ၌ လူမျိုး တို့သည် ဆည်းကပ် ကြလိမ့်မည်။

11မိမိ မြည်း ကို စပျစ် နွယ်ပင်၌ ၎င်း ၊ မြည်း ကလေး ကို အမြတ် ဆုံးသော စပျစ်နွှယ်ပင်၌ ၎င်း ချည်နှောင် ၍၊ မိမိ အဝတ် ပုဆိုးများကို စပျစ်သီး အသွေး တည်းဟူသော စပျစ်ရည် ဖြင့် လျှော် လိမ့်မည်။

12သူ၏မျက်စိ သည် စပျစ်ရည် နှင့် နီ လိမ့်မည်။ သွား သည်လည်း နို့ နှင့် ဖြူ လိမ့်မည်။

13ဇာဗုလုန် သည် ကမ်း နား မှာ နေ ၍ ၊ သင်္ဘော ဆိပ် ဖြစ် လိမ့်မည်။ သူ ၏နယ် သည် ဇိဒုန် မြို့တိုင်အောင် ကျယ်ဝန်းလိမ့်မည်။

14ဣသခါ သည် တောင် ကြား မှာ ဝပ် လျက် အား ကြီးသောမြည်း ဖြစ်၏။

15ငြိမ်ဝပ် ရာအရပ်ကောင်း ၍ မြေ သာယာ သည်ကို မြင် သဖြင့် ၊ မိမိ ပခုံး ပေါ် မှာ ထမ်းပိုးကို တင်ထမ်း ၍၊ အခွန်ပေးသော ကျွန် ဖြစ် လေ၏။

16ဒန် သည် ဣသရေလ အနွှယ် တစုံ တပါးကဲ့သို့ ၊ မိမိ လူ တို့ကို စီရင် လိမ့်မည်။

17ဒန် သည် လမ်း ၌ နေသောမြွေ ဖြစ် လိမ့်မည်။ မြင်းစီး သောသူ ကို နောက် သို့ လဲ စေခြင်းငှါ လမ်းကြား မှာ နေ ၍၊ မြင်း ခြေ ကို ကိုက် တတ်သော မြွေဆိုး ဖြစ်လိမ့်မည်။

18အိုထာဝရဘုရား ၊ ကယ်တင် တော်မူခြင်းကျေးဇူးကို အကျွန်ုပ်မြော်လင့် လျက်နေပါပြီ။

19ဂဒ် မူကား၊ စစ်သူရဲ တို့သည် သူ တို့တိုက် ကြ၍ ၊ သူ သည် ပြန်တိုက် လိမ့်မည်။

20အာရှာ ၌ဖြစ်သော အစာ သည် အရသာနှင့် ပြည့်စုံ ၍ ၊ မင်း ၏ ခဲဘွယ် စားဘွယ်တို့ကို ထုတ်ပေး လိမ့်မည်။

21နဿလိ သည် လှ သောအခက်အလက်နှင့် ပြည့်စုံ၍၊ ကျယ်ဝန်း သော သပိတ်ပင်ဖြစ်၏။

22ယောသပ် သည် သန် သောပျိုး ပင်၊ ရေတွင်း နား မှာ သန် သော ပျိုး ပင်ဖြစ်၏။ အခက် အလက်တို့သည် အုတ် ရိုးပေါ် မှာ ကျော် သွားကြ၏။

23လေး သမား တို့သည် သူ့ ကို အငြိုးထား ၍ ၊ အလွန်ညှဉ်းဆဲ ပစ်ခတ် ကြ၏။

24သို့သော်လည်း သူ ၏လေး သည် အား မလျော့။ သူ ကိုင် သော လက်နက်တို့သည်၊ ယာကုပ် အမျိုး၌ တန်ခိုး ကြီးသော ဘုရား၏လက် ဖြင့်၎င်း၊ သိုးထိန်း တည်းဟူသောဣသရေလ အမျိုး၏ကျောက် ဖြင့်၎င်း၊

25သင့် ကိုမစ တော်မူသောသင့် အဘ ၏ ဘုရား သခင် အားဖြင့် ၎င်း၊ သင့် ကိုကောင်းကြီး ပေးတော်မူသောအနန္တ တန်ခိုးရှင်အားဖြင့် ၎င်း ခိုင်မာလျက်ရှိ၏။ ထိုဘုရားသည် အထက် မိုဃ်းကောင်းကင် ၏ မင်္ဂလာ ၊ အောက် နက်နဲ သောအရပ်၏မင်္ဂလာ ၊ သားမြတ် နှင့်ဆိုင်သောမင်္ဂလာ ၊ ဝမ်း နှင့်ဆိုင်သောမင်္ဂလာတို့ဖြင့် သင့်ကို ကောင်းကြီးပေးတော်မူမူပါစေသော။

26သင် ၏အဘ ပေးသော ကောင်းကြီး မင်္ဂလာသည်၊ ထာဝရ တောင် တို့၌ဖြစ်သော ကောင်းကြီး မင်္ဂလာ၊ ထာဝရ ကုန်း တို့၌ နှစ်သက်ဘွယ်သောအရာတို့ထက် သာ၍မြတ်၏။ ထိုမင်္ဂလာသည် ယောသပ် ခေါင်း ပေါ် ၊ မိမိ အစ်ကို တို့တွင် အကြီးအကဲဖြစ်သောသူ၏ ခေါင်းထိပ်ပေါ်မှာ သက်ရောက် ပါစေသော။

27ဗင်္ယာမိန် သည် လုယူကိုက် စားတတ်သော တော ခွေးဖြစ်လိမ့်မည်။ ဘမ်း ရသောအရာကိုနံနက် အချိန်၌ ကိုက် စား၍ ၊ လုယူ သောအရာကိုလည်း ည အချိန်၌ ဝေဖန် လိမ့်မည်ဟုမြွက်ဆို၏။

28ဤ သူတို့ကား၊ ဣသရေလ အမျိုး ဆယ် နှစ် မျိုး ဖြစ်၏။ ဤ စကားသည်လည်း သူ တို့အဘ မြွက်ဆို ၍ ၊ သူ တို့ အသီးသီး ခံရသောမင်္ဂလာ ရှိသည်အတိုင်း၊ ကောင်းကြီးပေးသော စကားပေတည်း။

29တဖန် တုံ၊ ငါ့ လူမျိုး စည်းဝေး ရာသို့ ငါသွားရမည်။ ဟိတ္တိ အမျိုးသား၊ ဧဖရှန် ၏လယ်ပြင် တွင် ရှိသောမြေတွင်း ၌ ၊ ငါ့ အဘ တို့နှင့်အတူ ငါ့ ကို သင်္ဂြိုဟ် ကြပါ။

30ခါနာန် ပြည် မံရေ မြို့ရှေ့ မှာ ၊ မပ္ပေလ လယ်ပြင် ၌ ရှိသောထို မြေတွင်း ကို ၊ အာဗြဟံ သည် ကိုယ်ပိုင် သော သင်္ချိုင်း ဘို့ လယ်ပြင် နှင့်တကွဟိတ္တိ အမျိုးသားဧဖရုန် ၌ ဝယ် လေပြီ။

31ထို မြေတွင်း၌ အာဗြဟံ နှင့် မယား စာရာ ကို သင်္ဂြိုဟ် ကြပြီ။ ဣဇာက် နှင့် မယား ရေဗက္က ကိုလည်း သင်္ဂြိုဟ် ကြပြီ။ လေအာ ကိုလည်း ငါသင်္ဂြိုဟ် ပြီ။

32ထို မြေတွင်း ရှိသောထိုလယ်ပြင် ကို၊ ဟေသ အမျိုးသား ရှေ့ မှာ ဝယ် သတည်းဟု မှာထား၏။

33ထိုသို့ ယာကုပ် သည် မိမိ သား တို့ကို အကုန်အစင်မှာ ထားပြီးလျှင် ၊ မိမိ ခြေ တို့ကို ခုတင် ပေါ် မှာ ရုပ်သိမ်း သဖြင့် ၊ အသက် ချုပ်၍ မိမိ လူမျိုး စည်းဝေး ရာသို့ ရောက်လေ၏။

← ကမ္ဘာဦးကျမ်း 48Read In The App, Free →ကမ္ဘာဦးကျမ်း 50 →

Study ကမ္ဘာဦးကျမ်း 49

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

1234567891011121314151617181920212223242526272829303132333435363738394041424344454647484950