ကမ္ဘာဦးကျမ်း 49:29
တဖန် တုံ၊ ငါ့ လူမျိုး စည်းဝေး ရာသို့ ငါသွားရမည်။ ဟိတ္တိ အမျိုးသား၊ ဧဖရှန် ၏လယ်ပြင် တွင် ရှိသောမြေတွင်း ၌ ၊ ငါ့ အဘ တို့နှင့်အတူ ငါ့ ကို သင်္ဂြိုဟ် ကြပါ။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Genesis 15:15သင်သည်ဘိုးဘေး တို့ထံ သို့ငြိမ်ဝပ် စွာ သွား ရလိမ့်မည်။ အသက် ကြီးရင့်လျက် သင်္ဂြိုဟ် ခြင်းကိုခံရလိမ့်မည်။
Genesis 23:20ထိုလယ်ပြင် နှင့် မြေတွင်း ကို၊ အာဗြဟံ ပိုင် ထိုက် သော သင်္ချိုင်း ဖြစ်စေခြင်းငှါ၊ ဟေသ အမျိုးသား တို့သည် လုံခြုံစွာ အပ်ပေးကြ၏။
Genesis 25:9သား ဣဇာက် နှင့် ဣရှမေလ တို့သည်၊ မံရေ မြို့ ရှေ့မှာ ၊ ဟိတ္တိ အမျိုးသား၊ ဇောရ သား ဧဖရုန် ၏လယ်ပြင် တွင် ၊ မပ္ပေလ မြေတွင်း ၌ အဘကို သင်္ဂြိုဟ် ကြ၏။
Genesis 35:29အသက် ကြီးရင့်ရာ၊ ကာလ ပြည့်စုံ ရာ၌ အသက်ချုပ် ၍ အနိစ္စ ဖြစ်သဖြင့် ၊ မိမိ လူမျိုး စည်းဝေး ရာသို့ ရောက် လေ၏။ သား ဧသော နှင့် ယာကုပ် တို့သည် သင်္ဂြိုဟ် ကြ၏။
Genesis 50:12ယာကုပ် သား တို့သည်၊ အဘမှာ ထားသည် အတိုင်း ပြု ကြ၏။
2 Samuel 19:37ကိုယ်တော် ကျွန် သည် နေရင်းမြို့ တွင် မိဘ သင်္ချိုင်း နား မှာ သေ ရမည်အကြောင်း ၊ ပြန် သွားရသောအခွင့်ကိုပေး တော်မူပါ။ သို့ရာတွင် ကိုယ်တော် ကျွန် ခိမဟံ ရှိ ပါ၏။ အရှင် မင်းကြီး နှင့်အတူ လိုက် စေတော်မူပါ။ စိတ် တော်ရှိသည်အတိုင်း သူ ၌ ပြု တော်မူပါဟု လျှောက် လေ၏။