ကမ္ဘာဦးကျမ်း 49:6
ငါ့ ဝိညာဉ် သည် သူ တို့လျှို့ဝှက် ခြင်း အမှုထဲ သို့မ ဝင် ရ။ ငါ့ ဘုန်း သည် သူ တို့စည်းဝေး ရာနှင့် အသင်း မ ဖွဲ့ရ။ သူတို့သည် အမျက် ထွက်၍ လူ အသက်ကိုသတ် ကြပြီ။ ကိုယ် အလို သို့လိုက်၍ မြို့ ကိုဖြို ဖျက်ကြပြီ။
မြန်မာကျမ်းစာ
In The King James Version
In Context
5ရှိမောင် နှင့် လေဝိ သည် ညီအစ်ကို ဖြစ်၏။ အဓမ္မ အမှုကို ကြံသည်အတိုင်း ပြီးစီးကြပြီ။
Cross References
Genesis 34:30ထိုအခါ ယာကုပ် က၊ သင်တို့သည် ငါ့ကို ညှဉ်းဆဲကြပြီတကား။ ခါနနိ လူ၊ ဖေရဇိ လူတည်းဟူသော၊ ဤပြည် သား တို့သည် ငါ့ ကို ရွံရှာ အောင် ပြုကြပြီတကား။ ငါ တို့၌ လူ အရေ အတွက် အားနည်းသောကြောင့်၊ သူတို့သည် စုဝေး ၍ ငါ့ ကိုတိုက် သတ်သဖြင့် ၊ ငါ နှင့် ငါ့ အိမ်သူ အိမ်သားတို့ကို ဖျက်ဆီး ကြလိမ့်မည်ဟု ၊ ရှိမောင် နှင့် လေဝိ တို့အား ဆို လေသော်၊
Judges 5:21ကိရှုန် မြစ် ၊ စစ်မှုကြောင့် ကျော်စောသောမြစ် ၊ ကိရှုန် မြစ် သည် ရန်သူ တို့ကို ပယ် သွား၏။ အိုငါ့ ဝိညာဉ် ၊ သင်သည် ခွန်အားကြီး သောသူကို နှိပ် နင်းပြီ။
Psalms 5:10အိုဘုရား သခင်၊ သူ တို့အပေါ်မှာ အပြစ် ရောက် စေတော်မူပါ။ မိမိ တို့အကြံ အစည်အားဖြင့် လဲ ကြပါစေ သော။ ကိုယ်တော် ကို ပုန်ကန် သောသူဖြစ်၍ ၊ ပြစ်မှားသော အပြစ် များ သောကြောင့် ၊ သူ တို့ကို နှင်ထုတ် တော်မူ ပါ။
Psalms 26:4လျှပ်ပေါ် သော လူ တို့နှင့်အတူ မ ထိုင် ပါ။ လျှို့ဝှက် သော လူစုထဲ သို့ မ ဝင် ပါ။
Psalms 28:3အိမ်နီးချင်း ၏ အကျိုးကိုဖျက်ဆီး လို သော စိတ် နှလုံးရှိသည်နှင့် ၊ လောက ဝတ်စကားကို ပြော တတ် သောသူတည်းဟူသောဆိုးယုတ် သောအမှု၊ မတရား သောအမှုကို ပြု တတ်သောသူတို့နှင့်အတူ အကျွန်ုပ် ကို သွေးဆောင် တော်မ မူပါနှင့်။
Psalms 42:5အိုငါ့ ဝိညာဉ် ၊ သင်သည်အဘယ် ကြောင့်ညှိုးငယ် သနည်း။ ငါ့ အထဲ မှာအဘယ်ကြောင့်မ ငြိမ်မဝပ်ရှိသနည်း။ ဘုရား သခင်ကို မြော်လင့် လျက်နေလော့။ ငါ့ကို ကယ်တင် တော်မူသောအရှင်၊ ငါကိုးကွယ်သော ဘုရားသခင် ၏ ကျေးဇူးတော်ကို ငါချီးမွမ်း ထောမနာပြုရလေအံ့ သတည်း။