ကမ္ဘာဦးကျမ်း 50:13
ခါနာန် ပြည် သို့ ဆောင်သွား ၍ ၊ အာဗြဟံ သည် ကိုယ်ပိုင် သောသင်္ချိုင်း ဘို့၊ ဟိတ္တိ အမျိုးသားဧဖရုန် ၌ ဝယ် သော မံရေ မြို့ရှေ့ ၊ မပ္ပေလ လယ်ပြင် တွင်ရှိသောမြေတွင်း ၌ သင်္ဂြိုဟ် ကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
12ယာကုပ် သား တို့သည်၊ အဘမှာ ထားသည် အတိုင်း ပြု ကြ၏။
Cross References
Genesis 23:16အာဗြဟံ သည်လည်း ၊ ဧဖရုန် စကားကို နားထောင် သည်ဖြစ်၍ ၊ ကုန်သည် သုံးတတ်သော ငွေမျိုး၊ ဟေသ အမျိုးသား ပရိသတ် ရှေ့ ၊ ဧဖရုန် အဘိုး ပြတ် သည် အတိုင်း ၊ ငွေ လေး ပိဿာ ကို ချိန် ၍ ၊ သူ့အားပေးလေ၏။
Genesis 23:20ထိုလယ်ပြင် နှင့် မြေတွင်း ကို၊ အာဗြဟံ ပိုင် ထိုက် သော သင်္ချိုင်း ဖြစ်စေခြင်းငှါ၊ ဟေသ အမျိုးသား တို့သည် လုံခြုံစွာ အပ်ပေးကြ၏။
Genesis 25:9သား ဣဇာက် နှင့် ဣရှမေလ တို့သည်၊ မံရေ မြို့ ရှေ့မှာ ၊ ဟိတ္တိ အမျိုးသား၊ ဇောရ သား ဧဖရုန် ၏လယ်ပြင် တွင် ၊ မပ္ပေလ မြေတွင်း ၌ အဘကို သင်္ဂြိုဟ် ကြ၏။
Genesis 35:29အသက် ကြီးရင့်ရာ၊ ကာလ ပြည့်စုံ ရာ၌ အသက်ချုပ် ၍ အနိစ္စ ဖြစ်သဖြင့် ၊ မိမိ လူမျိုး စည်းဝေး ရာသို့ ရောက် လေ၏။ သား ဧသော နှင့် ယာကုပ် တို့သည် သင်္ဂြိုဟ် ကြ၏။
Genesis 49:29တဖန် တုံ၊ ငါ့ လူမျိုး စည်းဝေး ရာသို့ ငါသွားရမည်။ ဟိတ္တိ အမျိုးသား၊ ဧဖရှန် ၏လယ်ပြင် တွင် ရှိသောမြေတွင်း ၌ ၊ ငါ့ အဘ တို့နှင့်အတူ ငါ့ ကို သင်္ဂြိုဟ် ကြပါ။
Acts 7:16ထိုသူတို့ကိုလည်း ရှေခင် မြို့သို့ ပို့ဆောင် သဖြင့်၊ ရှေခင် ၏အဘ ဖြစ်သောဟာမော် ၏ သား တို့အား အဘိုး ငွေ ကိုပေး၍ဝယ် ပြီဖြစ်သော သင်္ချိုင်း တွင်း၌ ထား ကြ၏။