ကမ္ဘာဦးကျမ်း 6:7
ထာဝရဘုရား ကလည်း ၊ ငါဖန်ဆင်း သော လူ ကို၎င်း၊ လူ မှစ၍ သားများ၊ တွား တတ်သော တိရစ္ဆာန် များ၊ မိုဃ်းကောင်းကင် ငှက် များတို့ကို၎င်းမြေကြီး မျက်နှာ မှာ ငါသုတ်သင် ပယ်ရှင်းမည်။ သူ တို့ကို ဖန်ဆင်း သောကြောင့် ငါနောင်တရ သည်ဟု မိန့် တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
6မြေကြီး ပေါ် မှာ လူ ကို ဖန်ဆင်း တော်မူသည်ကို နောင်တရ ၍၊ နှလုံး တော်ပူပန် လျက် ရှိတော်မူ၏။
8နောဧ မူကား ၊ ထာဝရဘုရား စိတ်တော်နှင့် တွေ့ သောသူဖြစ်သတည်း။
Cross References
Psalms 24:1ထာဝရဘုရား သည် မြေကြီး နှင့် မြေကြီး တန်ဆာ ကို၎င်း၊ လောက ဓါတ်နှင့် လောက သားတို့ကို၎င်း ပိုင်တော်မူ၏။
Proverbs 10:27ထာဝရဘုရား ကိုကြောက်ရွံ့ သော သဘောသည် အသက် တာကို ရှည် စေတတ်၏။ မ တရားသောသူ ၏ နှစ် ပေါင်းကာလမူကား တို တတ်၏။
Isaiah 27:11အခက် အလက်တို့သည် သွေ့ ခြောက်သောအခါ ချိုး ခြင်းသို့ရောက်၍၊ မိန်းမ တို့သည် လာ ၍မီးရှို့ ကြ လိမ့်မည်။ အကြောင်း မူကား၊ ပညာ မဲ့သောအမျိုး ဖြစ်၏။ ထို့ကြောင့် ၊ ဖန်ဆင်း ပြုပြင်တော်မူသောသူသည် မ သနား ၊ ကျေးဇူး မ ပြုဘဲ နေတော်မူလိမ့်မည်။
Jeremiah 12:3အို ထာဝရဘုရား ၊ ကိုယ်တော် သည် အကျွန်ုပ် ကို သိမြင် တော်မူ၏။ အကျွန်ုပ် သည် ကိုယ်တော်နှင့်သဘော တူကြောင်းကို စစ်ကြော တော်မူပြီ။ သိုး တို့ကို ထုတ်သကဲ့သို့ ၊ ထိုမတရားသောသူ တို့ ကို အသေ သတ်ခြင်းငှါ ဆွဲ ထုတ် တော်မူပါ။ သတ် ရသောနေ့ အဘို့ ပြင်ဆင် တော်မူပါ။
Zephaniah 1:3လူ နှင့် တိရစ္ဆာန် တို့ကို ပယ်ရှင်း မည်။ မိုဃ်း ကောင်းကင် ငှက် နှင့် ပင်လယ် ငါး တို့ကို၎င်း၊ အဓမ္မ လူတို့ နှင့်တကွ ပြစ်မှား စရာအကြောင်းတို့ကို၎င်းငါပယ်ရှင်းမည်။ မြေ တပြင်လုံး ၌ ရှိသောလူ သတ္တဝါတို့ကိုလည်း ငါ ပယ်ရှင်း မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။