The Bible Software
bible.software › ယေရမိအနာဂတ္တိကျမ်း › ယေရမိအနာဂတ္တိကျမ်း 12 › ယေရမိအနာဂတ္တိကျမ်း 12:3

ယေရမိအနာဂတ္တိကျမ်း 12:3

အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို သိမြင်တော်မူ၏။ အကျွန်ုပ်သည် ကိုယ်တော်နှင့်သဘော တူကြောင်းကို စစ်ကြောတော်မူပြီ။ သိုးတို့ကို ထုတ်သကဲ့သို့၊ ထိုမတရားသော သူတို့ကို အသေသတ်ခြင်းငှါ ဆွဲထုတ် တော်မူပါ။ သတ်ရသောနေ့အဘို့ ပြင်ဆင်တော်မူပါ။

1835 Judson Burmese Bible

In The King James Version

But thou, O LORD, knowest me: thou hast seen me, and tried mine heart toward thee: pull them out like sheep for the slaughter, and prepare them for the day of slaughter.

In Context

2ကိုယ်တော်သည် သူတို့ကို စိုက်တော်မူသဖြင့်၊ သူတို့သည် အမြစ်ကျ၍ ကြီးပွါးလျက် အသီးကို သီးကြ ပါ၏။ ကိုယ်တော်သည် သူတို့နှုတ်နှင့် နီး၍ နှလုံးနှင့် ဝေးတော်မူ၏။

4ပြည်သားများပြုသော ဒုစရိုက်အပြစ်ကြောင့်၊ ပြည်သည် အဘယ်မျှကာလပတ်လုံး မြည်တမ်းရပါအံ့ နည်း။ အရပ်ရပ်တို့၌ရှိသော မြက်ပင်သည် အဘယ်မျှ ကာလပတ်လုံး ညှိုးနွမ်းရပါအံ့နည်း။ ငါတို့ခံရသော အကျိုးအပြစ်ကို ဘုရားသခင်မသိမမြင်ဟု ပြည်သားများ ဆိုသောကြောင့်၊ သားများနှင့် ငှက်များတို့သည် ပျောက် ပျက်ကြပါပြီ။

Read all of ယေရမိအနာဂတ္တိကျမ်း 12

Cross References

1 Chronicles 29:17အကျွန်ုပ်တို့၏ ဘုရားသခင်၊ ကိုယ်တော်သည် စိတ်နှလုံးကို စစ်၍ ဖြောင့်မတ်ခြင်းသဘောကို နှစ်သက် တော်မူသည်ကို အကျွန်ုပ်သိပါ၏။ အကျွန်ုပ်မူကား ဖြောင့်မတ်ခြင်းသဘော၊ ကြည်ညိုသော စိတ်ရှိသည် နှင့် ဤဘဏ္ဍာရှိသမျှကို ပူဇော်ပါ၏။ စည်းဝေးလျက်ရှိသော ကိုယ်တော်၏ လူတို့သည် ကြည်ညိုသော စိတ်နှင့် ပူဇော်ကြသည်ကို မြင်၍ဝမ်းမြောက်ပါ၏။

Psalms 7:9မတရားသော သူတို့၏ ဓမ္မအမှုကိုဆုံးရှုံး၍၊ တရားသောသူတို့ကိုမြဲမြံစေတော်မူပါ။ တရားသဖြင့် ပြုတော်မူသော ဘုရား၊ ကိုယ်တော်သည် နှလုံးနှင့် ကျောက်ကပ်ကို စစ်တော်မူတတ်ပါ၏။

Psalms 17:3အကျွန်ုပ်နှလုံးကို စစ်ဆေးတော်မူပါ။ ညဉ့်အခါ အကျွန်ုပ်ကို အကြည့်အရှု ကြွလာတော်မူပါ။ အကျွန်ုပ်ကို စစ်ကြောသောအခါ အဘယ်အပြစ်ကိုမျှ တွေ့တော်မမူ ရာ။ အကျွန်ုပ်အကြံအစည်သည် အကျွန်ုပ်စကားနှင့် မခြားမနားပါ။

Psalms 44:21နှလုံး၌ဝှက်ထားသော အရာများကိုဘုရားသခင် သိတော်မူသည်ဖြစ်၍၊ ထိုအမှုကိုမစစ်ဘဲနေတော်မူ မည်လော။

Psalms 139:23အိုဘုရားသခင်၊ အကျွန်ုပ်ကို စစ်ကြော၍၊ အကျွန်ုပ်၏နှလုံးကို သိမှတ်တော်မူပါ။ စုံစမ်း၍ စိတ် အထင်များကိုလည်း သိမှတ်တော်မူပါ။

Jeremiah 17:18အကျွန်ုပ်ကို ညှဉ်းဆဲသောသူတို့သည် အရှက်ကွဲ ကြပါစေသော။ အကျွန်ုပ်မူကား၊ အရှက်မကွဲပါစေနှင့်။ သူတို့သည် စိတ်ပျက်ကြပါစေသော။ အကျွန်ုပ်မူကား၊ စိတ်မပျက်ပါစေနှင့်။ သူတို့အပေါ်မှာ ဘေးအန္တရာယ် ကာလကို ရောက်စေတော်မူပါ။ အထပ်ထပ်ဖျက်ဆီးတော် မူပါ။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယေရမိအနာဂတ္တိကျမ်း 12:3

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယေရမိအနာဂတ္တိကျမ်း 12:2ယေရမိအနာဂတ္တိကျမ်း 12ယေရမိအနာဂတ္တိကျမ်း 12:4 →