ဟဗက္ကုတ်အနာဂတ္တိကျမ်း 1:15
ရန်သူသည် ထိုသူအပေါင်းတို့ကို ငါးမျှားနှင့် မျှား လျက်၊ ကွန်နှင့်အုပ်လျက်၊ ပိုက်နှင့်လှောင်လျက် ဝမ်း မြောက်ရွှင်လန်းတတ်၏။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ဟဗက္ကုတ်အနာဂတ္တိကျမ်း 1
Cross References
Isaiah 19:8တံငါတို့သည် ညည်းတွားကြလိမ့်မည်။ မြစ်၌ ငါးမျှားကို ချသမျှသောသူတို့သည် မြည်တမ်း၍ ရေပေါ် မှာ ပိုက်ကွန်ကို ဖြန့်တတ်သော သူတို့သည် စိတ်ပျက် ကြလိမ့်မည်။
Jeremiah 50:11ငါ့အမွေကို ဖျက်ဆီးသောသူတို့၊ သင်တို့သည် ဝမ်းမြောက်ရွှင်လန်းကြပြီ။ကျက်စားသောနွားမကဲ့သို့ ခုန်ကြပြီ။ မြင်းထီးကဲ့သို့ ဟီကြပြီ။
Ezekiel 25:6သင်သည် ဣသရေလပြည်ကို မနာလိုသော စိတ်အားကြီးလျက် လက်ခုပ်တီးခြင်း၊ ခြေနှင့်ဆောင့်ခြင်း ကို ဝမ်းမြောက်စွာ ပြုသောကြောင့်၊
Ezekiel 29:4သင့်ပါးရိုးကို သံချိတ်နှင့်ချိတ်၍၊ သင့်မြတ်၌နေ သော ငါတို့ကို သင့်အကြေးတို့၌ ငါကပ်စေမည်။ သင့်မြစ် များ အလယ်ထဲကသင့်ကို ငါနှုတ်၍ မြစ်ရှိသမျှသော ငါးတို့သည် သင့်အကြေးတို့၌ ကပ်ကြလိမ့်မည်။
Amos 4:2အရှင်ထာဝရဘုရားသည် မိမိသန့်ရှင်းခြင်း ပါရမီတော်ကိုတိုင်တည်၍ ကျိန်ဆိုတော်မူသည်အတိုင်း၊ သင်တို့ကို ငါးမျှားနှင့်၎င်း၊ သင်တို့သားမြေးတို့ကိုပိုက်ကွန်နှင့်၎င်း ဘမ်းဆီးယူသွားရသောကာလ ရောက်လိမ့်မည်။
Matthew 17:27ရှေ့ဦးစွာရသောငါးကိုယူ၍ ပစပ်ကိုဖွင့်လျှင်၊ သတာတဲတပြားကိုတွေ့လိမ့်မည်။ ထိုငွေကိုယူ၍ ငါ့အဘို့ နှင့် သင့်အဘို့ ထိုသူတို့အားပေးလော့ဟု မိန့်တော်မူ၏။