ဟဗက္ကုတ်အနာဂတ္တိကျမ်း 3:8
အို ထာဝရဘုရား၊ ကိုယ်တော်သည် ကယ်တင် ရာမြင်းရထားတော်ကို စီးတော်မူမည်အကြောင်း၊ မြစ်တို့ ကို အမျက်ထွက်တော်မူသလော။ မြစ်များတဘက်၌ စိတ် ထတော်မူသလော။ ပင်လယ်ကို ရန်ငြိုးဖွဲ့တော်မူသလော။
1835 Judson Burmese Bible
In The King James Version
In Context
7ကုရှန်ပြည်၌ တဲတို့သည် ဆင်းရဲခံခြင်း၊ မိဒျန် ပြည်၌ ကုလားကာတို့သည် လှုပ်ရှားခြင်းကို ငါမြင်၏။
Read all of ဟဗက္ကုတ်အနာဂတ္တိကျမ်း 3
Cross References
Exodus 14:21မောရှေသည် ပင်လယ်ပေါ်မှာ လက်ကိုဆန့်၍၊ ထာဝရဘုရားသည် တညဉ့်လုံး၌ အားကြီးသော အရှေ့လေအားဖြင့် ပင်လယ်ရေကို လှန်ပြန်၍၊ မြေကို ပေါ်စေတော်မူသည်နှင့်၊ ရေသည် ကွဲပြတ်လျက်ရှိ၏။
Joshua 3:16မြစ်ညာက စီးလာသောရေသည် တန့်ရပ်၍ ဝေးသောအရပ်၊ ဇာရတန်မြို့နားမှာရှိသော အာဒံမြို့တိုင် အောင် ပုံ့ပုံ့ကြွလျက်နေ၏။ လွင်ပြင်အိုင်တည်းဟူသော သောဒုံအိုင်သို့ စီးသွားသောရေသည်လည်း အကုန်အစင် ပြတ်၍၊ လူများတို့သည် ယေရိခေါမြို့သို့ ရှေ့ရှုကူးကြ၏။
Psalms 45:4သစ္စာတရား၊ နူးညံ့ခြင်းတရား၊ ဖြောင့်မတ်ခြင်း တရားကြောင့်၊ အသရေတော်ထင်ရှားလျက်၊ အောင်မြင် ၍ စီးသွားတော်မူပါ။ လက်ျာလက်တော်လည်း ကြောက် မက်ဘွယ်သောအရာကို ကိုယ်တော်အားပြပါလိမ့်မည်။
Psalms 68:17ဘုရားသခင်၏ရထားတော်တို့သည် အထောင်အသောင်းမက များကြ၏။ ဘုရားရှင်ပါတော်မူ၏။ သိနာတောင်လည်း သန့်ရှင်းရာဌာနတော်၌ ရှိသတည်း။
Psalms 114:3ပင်လယ်သည် မြင်၍ပြေးလေ၏။ ယော်ဒန်မြစ် လည်း နောက်သို့ လှည့်လေ၏။
Isaiah 19:1အဲဂုတ္တုပြည် နှင့် ဆိုင်သော ဗျာဒိတ်တော်ကား၊ ကြည့်ရှုလော့။ ထာဝရဘုရားသည် လျင်မြန်သော မိုဃ်း တိမ်ကိုစီး၍ အဲဂုတ္တုပြည်သို့ ကြွတော်မူ၏။ ရှေ့တော်၌ အဲဂုတ္တုပြည်၏ ရုပ်တု ဆင်းတုတို့သည် လှုပ်ရှား၍၊ အဲဂုတ္တုပြည်၏ နှလုံးသည် သူ၏အထဲမှာ အရည် ကျိုလျက် ရှိလိမ့်မည်။