ဟဂ္ဂဲအနာဂတ္တိကျမ်း 2:17
သင် တို့လုပ်ဆောင် သမျှ တို့တွင် လေထိ၍ အပင်သေဘေး၊ အရည်ယို၍ သေဘေးဖြင့် ငါသည် ဒဏ်ခတ် ခဲ့ပြီ။ သို့သော်လည်း ၊ သင် တို့သည် ငါ့ ထံ သို့ပြန်၍ မလာကြဟု ထာဝရဘုရား မိန့် တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ဟဂ္ဂဲအနာဂတ္တိကျမ်း 2
Cross References
Genesis 42:6ယောသပ် သည် နိုင်ငံ အုပ်ဖြစ်၍ပြည်သား အပေါင်း တို့အား ရောင်း သောအမှုကို စီရင်လေ၏။ ယောသပ် အစ်ကို တို့သည်လာ ၍ သူ့ ရှေ့ မှာ ဦးညွှတ် ချကြ၏။
Genesis 42:27စားခန်း သို့ ရောက် သောအခါ ၊ တယောက်သောသူသည် မြည်း ကို အစာ ကျွေးခြင်းငှါ မိမိ အိတ် ကိုဖွင့် လျှင် ၊ အိတ် ဝ တွင် ရှိသောငွေ ကိုမြင် လေ၏။
Deuteronomy 28:22ထာဝရဘုရား သည် သင့် ကို တူလာ ၊ ဖျားနာ ၊ ဒလခက်နာ ၊ ခရခရနာ ဖြင့် ၎င်း ၊ ထား ဘေး၊ လေထိ ၍ အပင်သေဘေး၊ အရည် ယို၍ အပင်သေဘေးဖြင့် ၎င်း ဒဏ်ခတ် တော်မူ၍ ၊ သင် သည် မ ပျက်စီး မှီတိုင်အောင်ထိုဘေးတို့သည် လိုက် ကြလိမ့်မည်။
2 Chronicles 6:28ပြည် တော်၌ အစာအာဟာရ ခေါင်းပါး သော်၎င်း၊ လေ ထိ၍ အပင်သေသော်၎င်း၊ အရည် ယို၍သေ သော်၎င်း၊ အရာဘကျိုင်း ၊ ခါသိလကျိုင်း ကိုက်စားသော်၎င်း၊ ရန်သူ တိုက်လာ၍ မြို့ ကိုဝိုင်း ထားသော်၎င်း၊ ဘေးဥပဒ် အနာရောဂါတစုံတခု ရောက် သောခါ၊
Job 36:13အဓမ္မ သဘော ရှိသောသူတို့သည် အမျက် တော်ကို သိုထား တတ်ကြ၏။ ချည်နှောင် တော်မူသောအခါ မ အော်ဟစ် တတ်ကြ။
Isaiah 9:13ဤလူ မျိုးသည် ဒဏ်ခတ် တော်မူသောသူထံ သို့ မ လှည့် မပြန်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ကို မ ရှာ မဖွေတတ်။