The Bible Software
ဟဂ္ဂဲအနာဂတ္တိကျမ်း · မြန်မာကျမ်းစာ

ဟဂ္ဂဲအနာဂတ္တိကျမ်း 2

1သတ္တမ လ နှစ်ဆယ် တ ရက်နေ့တွင် ၊ ပရောဖက် ဟဂ္ဂဲ အားဖြင့် ထာဝရဘုရား ၏ နှုတ်ကပတ် တော် ရောက် လာ၍၊

2သင်သည် ယုဒ မြို့ဝန် ၊ ရှာလသေလ သား ဇေရုဗဗေလ နှင့် ယဇ်ပုရောဟိတ် မင်း ယောဇဒက် သား ယောရှု မှစ၍ကျန် ကြွင်းသောသူ တို့အား ဆင့်ဆို ရမည်မှာ၊

3ဤ အိမ် တော်သည် ရှေး ဘုန်း နှင့် ပြည့်စုံသည်ကို မြင် ဘူး၍ သင် တို့တွင် ကျန် ကြွင်းသော သူ ကား အဘယ်သူ နည်း။ ယခု အဘယ် အရာကို မြင် သနည်း။ နှိုင်းယှဉ်လျှင် သင် တို့မျက်မှောက် ၌ အဘယ် မျှမဟုတ်သကဲ့သို့ ဖြစ်သည်မ ဟုတ်လော။

4သို့သော်လည်း ၊ အိုဇေရုဗဗေလ ၊ အား ယူလော့ ဟု၊ ထာဝရဘုရား မိန့် တော်မူ၏။ အို ယဇ်ပုရောဟိတ် မင်း ယောဇဒက် သား ယောရှု ၊ အား ယူလော့။ အိုပြည် သူ ပြည် သားအပေါင်း တို့၊ အား ယူကြလော့ဟု၊ ထာဝရဘုရား မိန့် တော်မူ၏။

5အဲဂုတ္တု ပြည်မှ ထွက် သောအခါ သင် တို့နှင့် ငါဖွဲ့ သော ပဋိညာဉ်စကား နှင့်အညီ ငါ သည် သင် တို့နှင့်အတူ ရှိ၏။ ငါ ၏ဝိညာဉ် တော်သည် သင် တို့တွင် နေရာ ကျ၏။ မ စိုးရိမ် ကြနှင့်ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။

6ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ကာလမကြာမမြင့် မှီကောင်းကင် ၊ မြေကြီး ၊ ပင်လယ် ၊ ကုန်း တို့ကို တဖန် ငါ လှုပ် ဦးမည်။

7လူမျိုး အပေါင်း တို့ကိုလည်း ငါလှုပ် ဦးမည်။ လူမျိုး အပေါင်း တို့ နှစ်သက် ဘွယ်သောအရာသည် ရောက် ၍ ၊ ဤ အိမ် ကို ဘုန်း နှင့် ငါပြည့်စုံ စေမည်ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။

8ရွှေ နှင့် ငွေ ကို ငါ ပိုင် သည်ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။

9နောက် တည်သော ဤ အိမ် တော်သည် အရင် အိမ်တော်ထက် ဘုန်း သာ၍ကြီး လိမ့်မည် ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။ ဤ အရပ် ၌ လည်း ငြိမ်သက် ခြင်းကို ငါပေး မည်ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။

10ဒါရိ မင်းကြီးနန်းစံနှစ် နှစ် ၊ နဝမ လနှစ်ဆယ် လေး ရက်နေ့ တွင် ၊ ထာဝရဘုရား ၏နှုတ်ကပတ် တော် သည် ပရောဖက် ဟဂ္ဂဲ အားဖြင့်ရောက် လာလျက်၊

11ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား က၊ သင်သည် တရား အမှုကို ယဇ်ပုရောဟိတ် ၌ မေးမြန်း ရမည် မှာ၊

12လူ သည် သန့်ရှင်း သော အမဲသား ကို မိမိ အဝတ် နှင့် ထုတ် ၍ ဆောင် ခဲ့လျက် ၊ မုန့် ၊ ဟင်း ၊ စပျစ်ရည် ၊ ဆီ အစရှိသော စားစရာ တစုံတခု ကို ထိုအဝတ် နှင့် ထိ လျှင် ၊ ထိုစားစရာသည် သန့်ရှင်း လိမ့်မည်လောဟု မေးမြန်း သော် ၊ ယဇ် ပုရောဟိတ်တို့က၊ ထိုစားစရာသည် မ သန့်ရှင်းဟု ပြန်ပြော ကြ၏။

13ဟဂ္ဂဲ ကလည်း ၊ အသေ ကောင်အားဖြင့် မ စင်ကြယ်သော သူသည် ထို အရာတစုံတခု ကိုထိ လျှင် ညစ်ညူး ခြင်း ရှိလိမ့်မည်လောဟု မေးမြန်း သော် ၊ ယဇ် ပုရောဟိတ်တို့က၊ ညစ်ညူး ခြင်းရှိလိမ့်မည်ဟု ပြန်ပြော ကြ၏။

14ဟဂ္ဂဲ ကလည်း ၊ ဤ လူမျိုး ၊ ဤ ပြည်သား တို့သည် ငါ့ မျက်မှောက် ၌ ထိုအတူဖြစ်ကြ၏။ သူ တို့လုပ်ဆောင် သမျှ သည် လည်း ထိုအတူ ဖြစ်၏။ ငါ့ထံမှာပူဇော် သော အရာသည်လည်း ညစ်ညူး ၏ဟု၊ ထာဝရဘုရား မိန့် တော်မူ ၏။

15ထာဝရဘုရား ၏ဗိမာန် တော်၌ ကျောက် တခု ပေါ် မှာ တခုကို မ တင် မှီ၊ ယခု နေ့ မှစ၍ အထက် အမှုကို ပြန်ကြည့်ဆင်ခြင် ကြပါလော့။

16ထိုကာလတွင် ဆန်အတင်းနှစ်ဆယ် ထွက်ရသော စပါး ပုံသို့ လူလာ သောအခါ တဆယ် ကိုသာ ရ ၏။ စပျစ်ရည် အိုးငါးဆယ် ကို ယူ ခြင်းငှါ စပျစ်သီး နယ်ရာကျင်း သို့ လာ သောအခါ နှစ်ဆယ် ကိုသာ ရ ၏။

17သင် တို့လုပ်ဆောင် သမျှ တို့တွင် လေထိ၍ အပင်သေဘေး၊ အရည်ယို၍ သေဘေးဖြင့် ငါသည် ဒဏ်ခတ် ခဲ့ပြီ။ သို့သော်လည်း ၊ သင် တို့သည် ငါ့ ထံ သို့ပြန်၍ မလာကြဟု ထာဝရဘုရား မိန့် တော်မူ၏။

18ထာဝရဘုရား ၏ဗိမာန် တော်တိုက်မြစ် ကျ၍၊ နဝမ လ နှစ်ဆယ် လေး ရက်နေ့ ၊ ယခု နေ့ မှစ၍ ရှေ့သို့ မျှော်ကြည့် ဆင်ခြင် ကြပါလော့။ ဆင်ခြင် ရမည် အကြောင်းအရာ ဟူမူကား၊

19စပါး ကျီ၌ စပါး ရှိသလော။ မရှိ။ စပျစ် ပင်၊ သင်္ဘောသဖန်း ပင်၊ သလဲ ပင်၊ သံလွင် ပင် တို့သည် အသီး ကို မ သီးကြသေး။ သို့သော်လည်း၊ ယနေ့ မှစ၍ သင်တို့ကို ငါကောင်းကြီး ပေးမည်ဟု မိန့်တော်မူ၏။

20ထိုလ နှစ်ဆယ် လေး ရက်နေ့တွင် ၊ ထာဝရဘုရား ၏နှုတ်ကပတ် တော်သည် ဟဂ္ဂဲ သို့ တဖန် ရောက် လာ၍၊

21သင်သည် ယုဒ မြို့ဝန် ၊ ဇေရုဗဗေလ ကို ဆင့် ဆိုရမည်မှာ၊ ငါ သည် ကောင်းကင် နှင့် မြေကြီး ကို လှုပ် မည်။

22တိုင်း နိုင်ငံတို့၏ ရာဇ ပလ္လင်များကို မှောက်လှန် ၍ ၊ အမျိုးမျိုး သော တိုင်း နိုင်ငံတန်ခိုး ကို ဖျက်ဆီး မည်။ ရထား နှင့် ရထား စီး သူရဲတို့ ကိုလည်း မှောက်လှန် မည်။ မြင်း နှင့် မြင်း စီး သူရဲ တို့သည် တယောက် ကို တယောက်ခုတ် ၍ လဲ ကြလိမ့်မည်။

23ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ အို ရှာလသေလ သား ၊ ငါ့ ကျွန် ဇေရုဗဗေလ ၊ ထိုအခါ သင့် ကိုငါယူ ၍ တံဆိပ် လက်စွပ်ကဲ့သို့ ခန့် ထားမည်ဟု၊ ထာဝရဘုရား မိန့် တော်မူ၏။ သင့် ကို ငါရွေးချယ် ပြီဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။

← ဟဂ္ဂဲအနာဂတ္တိကျမ်း 1Read In The App, Free →Zechariah 1 →

Study ဟဂ္ဂဲအနာဂတ္တိကျမ်း 2

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12