ဟဂ္ဂဲအနာဂတ္တိကျမ်း 2:4
သို့သော်လည်း ၊ အိုဇေရုဗဗေလ ၊ အား ယူလော့ ဟု၊ ထာဝရဘုရား မိန့် တော်မူ၏။ အို ယဇ်ပုရောဟိတ် မင်း ယောဇဒက် သား ယောရှု ၊ အား ယူလော့။ အိုပြည် သူ ပြည် သားအပေါင်း တို့၊ အား ယူကြလော့ဟု၊ ထာဝရဘုရား မိန့် တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ဟဂ္ဂဲအနာဂတ္တိကျမ်း 2
Cross References
Deuteronomy 31:23တဖန် နုန် ၏သား ယောရှု အား ထာဝရဘုရား က၊ သင် သည် အားယူ ၍ ရဲရင့် ခြင်းရှိလော့။ ငါကျိန်ဆို သော ပြည် သို့ ဣသရေလ အမျိုးသား တို့ကို ဆောင်သွင်း ရမည်။ ငါ သည် သင် နှင့်အတူ ရှိ မည်ဟု မှာ ထားတော်မူ၏။
Joshua 1:9သင့် ကို ငါမှာ ထားသည်မ ဟုတ်လော။ အား ယူ၍ ရဲရင့် ခြင်းရှိလော့။ မ ကြောက် နှင့်၊ စိတ် မ ပျက်နှင့်။ သွား လေရာရာ၌ သင် ၏ဘုရား သခင်ထာဝရဘုရား ရှိသည်ဟု မိန့်တော်မူ၏။
1 Samuel 16:18ကျွန် တယောက် က၊ ကျွန်တော်တွေ့ ဘူးသော ဗက်လင် မြို့သားယေရှဲ သား သည် စောင်းတီး သောအတတ်၊ ရဲရင့် ခြင်းအစွမ်း သတ္တိနှင့် ပြည့်စုံ၍၊ စစ်မှု ၌၎င်း၊ ပညာ စကား ၌၎င်း လေ့ကျက်ပါ၏။ အဆင်း လည်း လှပါ၏။ ထာဝရဘုရား သည်သူ နှင့်အတူ ရှိတော်မူ၏ဟု လျှောက် သောကြောင့်၊
1 Chronicles 22:13ဣသရေလ အမျိုး၏ အမှု၌ထာဝရဘုရား သည် မောရှေ အား မှာထား တော်မူသော စီရင် ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက် ခြင်းငှါ သတိ ပြုလျှင် အကြံ ထမြောက်ရ လိမ့်မည်။ အားယူ ၍ ရဲရင့် ခြင်းရှိလော့။ စိုးရိမ် ခြင်း၊ စိတ်ပျက် ခြင်းမ ရှိစေနှင့်။
Haggai 1:13ထိုအခါ ထာဝရဘုရား မှာ ထားတော်မူသည် အတိုင်း ထာဝရဘုရား ၏ တမန် ဟဂ္ဂဲ က၊ ငါ သည် သင် တို့နှင့်အတူ ရှိ၏ဟု၊ ထာဝရဘုရား မိန့် တော်မူကြောင်းကို လူ များတို့အား ဆင့်ဆို လေ၏။
Mark 16:20တပည့် တော်တို့သည်လည်း ထွက်သွား ၍၊ သခင် ဘုရားသည် မစ တော်မူသည်နှင့်၎င်း ၊ သူတို့၌ဖြစ် သောနိမိတ် လက္ခဏာအားဖြင့် နှုတ်ကပတ် တရားတော်ကိုတည် စေတော်မူသည်နှင့်၎င်း၊ ခပ်သိမ်း သောအရပ်တို့၌ တရား ဟောကြ၏။