ဟဂ္ဂဲအနာဂတ္တိကျမ်း 2:9
နောက် တည်သော ဤ အိမ် တော်သည် အရင် အိမ်တော်ထက် ဘုန်း သာ၍ကြီး လိမ့်မည် ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။ ဤ အရပ် ၌ လည်း ငြိမ်သက် ခြင်းကို ငါပေး မည်ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
8ရွှေ နှင့် ငွေ ကို ငါ ပိုင် သည်ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။
Read all of ဟဂ္ဂဲအနာဂတ္တိကျမ်း 2
Cross References
Psalms 85:8ထာဝရ အရှင် ဘုရား သခင်သည် အဘယ်သို့ မိန့် တော်မူမည်ကို ငါနားထောင် မည်။ အကယ် စင်စစ်မိမိ လူ ၊ မိမိ သန့်ရှင်း သူတို့အား ငြိမ်သက် ခြင်းအကြောင်းကို မိန့် တော်မူလိမ့်မည်။ သို့ရာတွင် ၊ နောက်တဖန် မိုက် သောအကျင့် ကို မ ကျင့် ကြပါစေနှင့်။
Isaiah 57:18သူ ၏အကျင့် ဓလေ့တို့ကို ငါမြင် ပြီ။ သူ့ ကို အနာ ပျောက်စေ၍ လမ်းပြ ဦးမည်။ သူ့ ကို ၎င်း ၊ သူ နှင့်အတူ စိတ် ညှိုးငယ်သောသူတို့ ကို၎င်း၊ ချမ်းသာ ပေးဦးမည်။
Micah 5:5အာရှုရိ လူသည် ငါ တို့ပြည် သို့ လာ ၍ ၊ ငါ တို့ ဘုံ ဗိမာန်များကို နင်း သောအခါ ၊ သိုးထိန်း ခုနစ် ပါးနှင့် လူကြီး ရှစ် ပါးတို့သည် ငါတို့တွင် ပေါ်ထွန်း ၍ ၊
John 1:14နှုတ်ကပတ် တော်သည်လည်း လူ့ ဇာတိအဖြစ် ကို ခံယူ၍၊ ကျေးဇူး တော်နှင့် ၎င်း၊ သစ္စာ တော်နှင့်၎င်း ပြည့်စုံ လျက် ငါ တို့တွင် တည်နေ တော်မူသည်ဖြစ်၍၊ ခမည်းတော် ၌ တစ်ပါးတည်း သောသားတော်၏ ဘုန်း ကဲ့သို့ သူ ၏ဘုန်း တော်ကို ငါတို့သည် မြင် ရကြပြီ။
Acts 10:36အလုံးစုံ တို့ကို အစိုးရ တော်မူသော သခင်ယေရှု ခရစ် အားဖြင့် ရန်ငြိမ်း ခြင်းတရားတည်းဟူသောဧဝံဂေလိတရားကို ဟော တော်မူလျက်၊ ဣသရေလ အမျိုးသား တို့အား ပေး လိုက်တော်မူသော တရား တော်နှင့်အညီ၊
Ephesians 2:14အဘယ်သို့ နည်းဟူမူကား၊ ထိုသခင် သည် ငါ တို့ ရန်ငြိမ်း ခြင်းအကြောင်း ဖြစ် တော်မူ၏။