ဟေဗြဲဩဝါဒစာ 10:23
မြော်လင့် ခြင်းအကြောင်းကို ဝန်ခံ ၍ မတိမ်းယိမ်း မရွေ့လျော့ဘဲ တည်ကြည် ကြကုန်အံ့အကြောင်းမူကား ၊ ဂတိ ထားတော်မူသော သူ သည် သစ္စာ နှင့်ပြည့်စုံတော်မူ၏
မြန်မာကျမ်းစာ
In The King James Version
Let us hold fast the profession of our faith without wavering; (for he is faithful that promised;)
In Context
Cross References
1 Corinthians 10:13လူ ၌ဖြစ်တတ်သော စုံစမ်း နှောင့်ရှက်ခြင်းကိုသာ သင် တို့သည် ခံရ ကြ၏။ ဘုရားသခင် သည် သစ္စာ နှင့် ပြည့်စုံတော်မူသည်ဖြစ်၍၊ သင် တို့ မ ခံနိုင် သော စုံစမ်း နှောင့်ရှက်ခြင်းကို သင်တို့၌ ရောက်စိမ့်သောငှာအခွင့် ပေး တော်မမူ။ သင်တို့သည် ခံ နိုင် မည်အကြောင်း စုံစမ်း နှောင့်ရှက်ခြင်းအရာနှင့်တကွ ၊ ထွက်မြောက် သော လမ်းကိုလည်း စီရင်ပြုပြင် တော်မူလိမ့်မည်။
2 Thessalonians 3:3သို့သော်လည်း ၊ သခင် ဘုရားသည် သစ္စာ နှင့် ပြည့်စုံတော်မူ၏။ သင် တို့ကိုမြဲမြံ စေ၍ ၊ မကောင်း အမှုအရာနှင့် ကင်းလွတ်စေခြင်းငှာစောင့်မ တော်မူလိမ့်မည်။
Hebrews 3:6ခရစ်တော် မူကား ၊ သား ကဲ့သို့ အိမ် တော်ကို အုပ်စိုး ၍ သစ္စာစောင့်တော်မူ၏။ ငါ တို့သည်ကား၊ ရဲရင့် ခြင်း၌၎င်း ၊ မြော်လင့် ခြင်းနှင့်စပ်ဆိုင်သောဝါကြွား ဝမ်းမြောက်ခြင်း၌၎င်း၊ အဆုံးတိုင်အောင်တည်ကြည် လျှင်၊ ထို အိမ် တော်ဖြစ် သတည်း
Hebrews 4:14ယခုမူကား၊ ကောင်းကင် ဘုံထဲသို့ကြွဝင် တော်မူသော ယဇ်ပုရောဟိတ် မင်းအကြီး တည်းဟူသောဘုရားသခင် ၏ သား တော်ယေရှု သည် ငါတို့၌ ယဇ်ပုရောဟိတ်မင်း ဖြစ် တော်မူသောကြောင့် ၊ ငါတို့သည် ဝန်ခံ ခဲ့ပြီးသောအရာ၌ တည်ကြည် ကြကုန်အံ့
Hebrews 11:11သူ ၏ခင်ပွန်းစာရာ သည်လည်း အရွယ် လွန် သောအခါ ၊ ပဋိသန္ဓေ ယူ နိုင်သော အခွင့် တန်ခိုးကို ယုံကြည် ခြင်းအားဖြင့်ခံရလေ၏။ အကြောင်းမူကား ၊ ဂတိ ထားတော်မူသောသူ သည် သစ္စာရှိ သည်ဟု စိတ် စွဲလမ်းခြင်းရှိ၏
Revelation 3:11ငါသည်အလျင်အမြန် လာ မည်။ သင် ၏ သရဖူ ကို အဘယ်သူ မျှမယူ စေခြင်းငှာ ၊ ရ ခဲ့ပြီးသော အရာ ကို စွဲကိုင် လော့။