ဟေဗြဲဩဝါဒစာ 10:30
ငါ သည်အပြစ်တရားကိုစီရင် ပိုင်၏။ အပြစ်နှင့်အလျောက် ငါ ဆပ်ပေး မည်ဟူ၍၎င်း၊ ထာဝရ ဘုရားသည် မိမိ လူ တို့အဘို့ တရား စီရင်မည်ဟူ၍၎င်း မိန့် တော်မူသောသူ ကို ငါတို့သည် အမှန်သိ ကြ၏
မြန်မာကျမ်းစာ
In The King James Version
In Context
31အသက် ရှင်တော်မူသော ဘုရားသခင် ၏လက် တော်သို့ ကျရောက် ခြင်း အမှုသည် ကြောက်မက် ဘွယ်သောအမှုဖြစ်သတည်း
Cross References
Deuteronomy 32:35အပြစ်တရားကို စီရင်ရသောအခွင့်၊ အပြစ် နှင့် အလျောက်ဆပ် ပေးရသောအခွင့်ကို ငါပိုင်၏။ အချိန် တန်မှ သူ တို့ခြေ သည် ချော် လိမ့်မည်။ သူ တို့၌ ဘေး ရောက်သောအချိန် နီး ပြီ။ သူ တို့တွေ့ကြုံရသောအမှုသည် အလျင်အမြန် ရောက်လာလိမ့်မည်။
Psalms 94:1အပြစ် ကိုပေး ပိုင်တော်မူသော ဘုရား သခင်ထာဝရဘုရား ၊ အပြစ် ကိုပေး ပိုင်တော်မူသော ဘုရား သခင်၊ ရောင်ခြည် တော်ကို လွှတ်တော်မူပါ။
Psalms 98:9အကြောင်း မူကား၊ မြေကြီး သားတို့ကို တရား စီရင်ခြင်းငှါ ကြွလာ တော်မူ၏။ လောကသား တို့ကို ဖြောင့်မတ် စွာ စီရင်၍ ၊ လူများ ကို ဟုတ်မှန် ခြင်းတရား အတိုင်း စီရင် ဆုံးဖြတ်တော်မူလတံ့။
Isaiah 59:17ဖြောင့်မတ် ခြင်းတရားတည်းဟူသောရင်ကျပ် ကို ဝတ်ဆင် ၍ ၊ ကယ်တင် ခြင်းတည်းဟူသောသံခမောက် လုံးကို ဆောင်း တော်မူ၏။ အပြစ် ပေးခြင်းအဝတ် ကို၎င်း ၊ စိတ် အားကြီးခြင်းဝတ်လုံ ကို၎င်းယူတင်ဝတ်ဆောင် တော်မူ ၏။
Isaiah 63:4အပြစ် ပေးသော နေ့ရက် ကို ငါ အောက်မေ့ ပြီ။ ငါ ရွေးနှုတ် သောသူတို့ ၏ နှစ် သည် ရောက် လာပြီ။
Ezekiel 34:17အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ အိုငါ့ သိုး တို့၊ တိရစ္ဆာန်အမျိုးမျိုးတို့ကို၎င်း၊ သိုး ထီးနှင့် ဆိတ် ထီးတို့ကို၎င်းငါ ပိုင်းခြား မည်။