ဟေဗြဲဩဝါဒစာ 11:13
ယခုဆိုခဲ့ပြီးသောသူ အပေါင်း တို့သည်၊ ဂတိ တော်နှင့်စပ်ဆိုင်သော အကျိုးကျေးဇူးကိုမ ခံရ ဘဲ၊ အဝေး ကမြော်မြင် လျက်၊ စိတ်နှလုံးနှင့် ဖက်ယမ်း လျက်၊ မိမိတို့သည် မြေကြီး ပေါ်မှာ တစ်ကျွန်း သူတစ်နိုင်ငံသား၊ ဧည့်သည် အာဂန္တုဖြစ်သည် ကို ထင်ရှားစွာဝန်ခံ လျက်၊ ယုံကြည် ခြင်းစိတ်နှင့်သေ လွန်ကြ၏
မြန်မာကျမ်းစာ
In The King James Version
In Context
14ထိုသို့ ဝန်ခံသောသူတို့သည် မိမိတို့အဘ ပြည်ကို ရှာ ကြသည်ဟု အတည့်အလင်း ပြောဆို ကြ၏
Cross References
Genesis 23:4ငါ သည် သင် တို့ထံမှာဧည့်သည် အာဂန္တုဖြစ်ပါ ၏။ ငါ၏မယားအသေ ကောင်ကို မျက်ကွယ် မြှုပ်မည် အကြောင်း ၊ သင် တို့တွင် သင်္ချိုင်း ကို ငါ့ အား အခွင့် ပေး ပါ လော့ဟု ဆို၏။
Genesis 27:2အဘကလည်း၊ ယခု ငါအို လှပြီ။ အဘယ်သောအခါ သေ ရမည်ကို ငါမ သိ။
Genesis 48:21ဣသရေလ ကလည်း ၊ ငါ သေ တော့မည်။ သို့သော်လည်း ၊ ဘုရားသခင် သည် သင် တို့ဘက် ၌ရှိ ၍ ၊ သင် တို့ကို ဘိုးဘေး နေရာ ပြည် သို့ တဖန် ဆောင် တော်မူလိမ့်မည်။
Genesis 49:18အိုထာဝရဘုရား ၊ ကယ်တင် တော်မူခြင်းကျေးဇူးကို အကျွန်ုပ်မြော်လင့် လျက်နေပါပြီ။
Genesis 49:33ထိုသို့ ယာကုပ် သည် မိမိ သား တို့ကို အကုန်အစင်မှာ ထားပြီးလျှင် ၊ မိမိ ခြေ တို့ကို ခုတင် ပေါ် မှာ ရုပ်သိမ်း သဖြင့် ၊ အသက် ချုပ်၍ မိမိ လူမျိုး စည်းဝေး ရာသို့ ရောက်လေ၏။
Numbers 10:30ဟောဗပ်ကငါမ လိုက် မသွားပါ၊ ငါ့ နေရင်းပြည် ၊ ငါ့ အဆွေအမျိုး ရှိရာသို့ ပြန်သွား ပါမည်ဟု မောရှေ အား ဆို ၏။