ဟေဗြဲဩဝါဒစာ 5:14
ကောင်းကျိုး မ ကောင်းကျိုးကို ပိုင်းခြား ၍ သိနိုင်သောဉာဏ်ပေးတတ်သော၊ အကြားအမြင် အတွေ့အစမ်း များသော သူတည်းဟူသော၊ စုံလင် သော အရွယ်ရှိသော သူတို့မူကား ၊ ကြေခဲ သော အစာ အာဟာရကို သုံးဆောင် ရကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
13နို့ ကိုသာသုံးဆောင် သောသူ မည်သည်ကား၊ သူငယ် ဖြစ် သောကြောင့် ဖြောင့်မတ် ခြင်းတရား ၌ လေ့လာ ခြင်းမရှိ
Cross References
2 Samuel 14:17ကိုယ်တော် ကျွန် မကလည်း ၊ ငါ့ သခင် အရှင်မင်းကြီး ၏ အမိန့် တော်ကြောင့် ချမ်းသာ ရ မည်။ ဘုရား သခင်၏ကောင်းကင် တမန်ကဲ့သို့ ငါ့ သခင် အရှင် မင်းကြီးသည် ကောင်း မကောင်း ကို ပိုင်းခြား ၍ သိတော်မူ၏ဟု အောက်မေ့ပါ၏။ ကိုယ်တော် ၏ ဘုရား သခင်ထာဝရဘုရား သည် ကိုယ်တော် နှင့်အတူ ရှိ တော်မူလိမ့်မည်ဟု လျှောက် လေ၏။
1 Kings 3:11ဘုရား သခင်ကလည်း ၊ သင်သည်တာရှည် သော အသက် ကို မ တောင်း ၊ စည်းစိမ် ကိုလည်း မ တောင်း ၊ ရန်သူ တို့ ၏အသက် ကိုလည်း မ တောင်း ၊ တရား စီရင်ခြင်းငှါ တတ်နိုင်သောဉာဏ် ကိုသာ ကိုယ် အဘို့ တောင်း လျှောက် သောကြောင့်၊
Job 12:11ခံတွင်း သည်အစာ ကိုမြည်းစမ်း သကဲ့သို့ ၊ နား သည် စကား ကို စုံစမ်း သည် မ ဟုတ်လော။
Psalms 119:103မိန့် တော်မူချက်တို့သည် အကျွန်ုပ် အာခေါင် ၌ အလွန် ချိုကြပါ၏။ ခံတွင်း ထဲမှာ ပျားရည် ထက် သာ၍ချိုကြပါ၏။
Song of Solomon 2:3တော ပင် စုထဲမှာ ရှောက်ချို ပင်ကဲ့သို့ ငါ ချစ် ရာ သခင်သည် လူမျိုးသား စုထဲမှာ ဖြစ်တော်မူ၏။ ငါသည် သူ ၏အရိပ် ဝယ် ပျော်မွေ့ နေထိုင် ၍ ၊ မြိန် စွာသော အသီး ကို စား ရ၏။
Matthew 5:48ထို့ကြောင့် ကောင်းကင် ဘုံ၌ ရှိတော်မူသော သင် တို့အဘ သည် စုံလင် တော်မူသည်နည်းတူ သင် တို့သည်လည်း စုံလင် ခြင်းရှိ ကြလော့။